• Follow Us on
Latest News

Home ေက်ာင္းဖြင့္ခ်ိန္ေနာက္က်၍အေျခခံပညာေက်ာင္းမ်ားတြင္ စာေမးပြဲစစ္ေဆးျခင္းမ်ားကို စာသင္ၾကားသေ လာက္သာ စစ္ေဆးေမးျမန္းမည္

ေက်ာင္းဖြင့္ခ်ိန္ေနာက္က်၍အေျခခံပညာေက်ာင္းမ်ားတြင္ စာေမးပြဲစစ္ေဆးျခင္းမ်ားကို စာသင္ၾကားသေ လာက္သာ စစ္ေဆးေမးျမန္းမည္

Share this post

ရန္ကုန္၊ ၾသဂုတ္ ၁၅

ေက်ာင္းဖြင့္ခ်ိန္ေနာက္က်၍အေျခခံပညာေက်ာင္းမ်ားတြင္ စာေမးပြဲစစ္ေဆးျခင္းမ်ားကို စာသင္ၾကားသေလာက္သာ စစ္ေဆးေမးျမန္းမည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနမွ သိရသည္။

“စာေမးပြဲဆိုတာ ဒီေခတ္မွာေတာ့ အေရးမႀကီးေတာ့ပါဘူး။စာေမးပြဲထက္စာလို႔ရွိရင္ကေလးကတကယ္တတ္သြားတဲ့ဟာကိုပဲလိုခ်င္တာေပါ႔။မတတ္ဘဲနဲ႔ စာေမးပြဲေအာင္ဖို႔ပဲလုပ္ခဲ့တာဟာႏွစ္ေပါင္းမ်ားစြာၾကာခဲ့တဲ့အခါၾကေတာ့ မလိုလားအပ္ဘဲနဲ႔က်ဴရွင္ေတြဘာေတြအမ်ားႀကီးျဖစ္သြားတာေပါ႔။ဒါေၾကာင့္ ဒီေနာက္ပိုင္းပညာေရးစနစ္က က်ဴရွင္စနစ္မလိုေလာက္ေအာင္ေပးထားတဲ့ ပညာေရးစနစ္ျဖစ္တာေပါ႔။စာေမးပြဲကိုဦးမတည္ပါဘူး။ေက်ာင္းသူ၊ေက်ာင္းသားေတြကို C ေလးလုံးေပါ႔။၂၁ရာစုကြၽမ္းက်င္မႈေတြပဲရေအာင္သြားမွာျဖစ္ပါတယ္။ဒါေၾကာင့္မို႔ေက်ာင္းဖြင့္တာေနာက္က်လည္းပဲ ဘာမွပူစရာမလိုဘူး။အဓိကေတာ့ ၁ရက္သင္ခြင့္ရရင္ကိုပဲ ၁ရက္ကေလးေတြအတြက္အက်ိဳးရွိတယ္ေလ။အဲဒီသေဘာမ်ိဳးနဲ႔သါားတာျဖစ္ပါတယ္။စာေမးပြဲကေတာ့ ဆယ္ရက္စာသင္ရင္ဆယ္ရက္စာပဲေမးမွာေပါ႔။တစ္လစာသင္ရင္တစ္လစာပဲေမးမွာေပါ႔”လို႔ ပညာေရး၀န္ႀကီးဌာန အေျခခံပညာဦးစီးဌာန မွ ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာတင္ေမာင္၀င္းကေျပာသည္ကေျပာသည္။

အေျခခံပညာေက်ာင္းမ်ားတြင္ေက်ာင္းတြင္းစာေမးပြဲစစ္ေဆးျခင္းကို တစ္ႏွစ္လွ်င္ ေလးႀကိမ္စစ္ေဆးေမးျမန္းၿပီး အထက္တန္းအဆင့္ သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးရာတြင္ စာေမးပြဲေလးႀကိမ္ျပည့္မွီေအာင္ေျဖဆိုထားရန္ လိုအပ္ေၾကာင္းသိရသည္။

လက္ရွိတြင္အေျခခံပညာအထက္တန္းအဆင့္ေက်ာင္းေပါင္း ၃၀၀၀ေက်ာ္ဖြင့္လွစ္ရန္က်န္ရွိေနၿပီး စက္တင္ဘာလအတြင္းတြင္ အေျခခံပညာအလယ္တန္းအဆင့္ေက်ာင္းမ်ားကို အစိုးရသက္မွတ္ခ်က္ covid 19ကပ္ေရာဂါ ကာကြယ္ေရးအခ်က္ ၈၀ ျပည့္မွီကိုက္ညီမွသာဖြင့္လွစ္ခြင့္ေပးမည္ျဖစ္ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံတြင္အေျခခံပညာေက်ာင္းေပါင္းေလးေသာင္းေက်ာ္ ဆရာ၊ဆရာမ ေလးသိန္းေက်ာ္ရွိေၾကာင္းသိရသည္။

#PeopleMedia #ပညာေရး

(unicode)
ကျောင်းဖွင့်ချိန်နောက်ကျ၍အခြေခံပညာကျောင်းများတွင် စာမေးပွဲစစ်ဆေးခြင်းများကို စာသင်ကြားသ ေလာက်သာ စစ်ဆေးမေးမြန်းမည်
……………………………………………………

ရန်ကုန်၊ ဩဂုတ် ၁၅

ကျောင်းဖွင့်ချိန်နောက်ကျ၍အခြေခံပညာကျောင်းများတွင် စာမေးပွဲစစ်ဆေးခြင်းများကို စာသင်ကြားသလောက်သာ စစ်ဆေးမေးမြန်းမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

“စာမေးပွဲဆိုတာ ဒီခေတ်မှာတော့ အရေးမကြီးတော့ပါဘူး။စာမေးပွဲထက်စာလို့ရှိရင်ကလေးကတကယ်တတ်သွားတဲ့ဟာကိုပဲလိုချင်တာပေါ့။မတတ်ဘဲနဲ့ စာမေးပွဲအောင်ဖို့ပဲလုပ်ခဲ့တာဟာနှစ်ပေါင်းများစွာကြာခဲ့တဲ့အခါကြတော့ မလိုလားအပ်ဘဲနဲ့ကျူရှင်တွေဘာတွေအများကြီးဖြစ်သွားတာပေါ့။ဒါကြောင့် ဒီနောက်ပိုင်းပညာရေးစနစ်က ကျူရှင်စနစ်မလိုလောက်အောင်ပေးထားတဲ့ ပညာရေးစနစ်ဖြစ်တာပေါ့။စာမေးပွဲကိုဦးမတည်ပါဘူး။ကျောင်းသူ၊ကျောင်းသားတွေကို C လေးလုံးပေါ့။၂၁ရာစုကျွမ်းကျင်မှုတွေပဲရအောင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျောင်းဖွင့်တာနောက်ကျလည်းပဲ ဘာမှပူစရာမလိုဘူး။အဓိကတော့ ၁ရက်သင်ခွင့်ရရင်ကိုပဲ ၁ရက်ကလေးတွေအတွက်အကျိုးရှိတယ်လေ။အဲဒီသဘောမျိုးနဲ့သါားတာဖြစ်ပါတယ်။စာမေးပွဲကတော့ ဆယ်ရက်စာသင်ရင်ဆယ်ရက်စာပဲမေးမှာပေါ့။တစ်လစာသင်ရင်တစ်လစာပဲမေးမှာပေါ့”လို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်ကပြောသည်။

အခြေခံပညာကျောင်းများတွင်ကျောင်းတွင်းစာမေးပွဲစစ်ဆေးခြင်းကို တစ်နှစ်လျှင် လေးကြိမ်စစ်ဆေးမေးမြန်းပြီး အထက်တန်းအဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးရာတွင် စာမေးပွဲလေးကြိမ်ပြည့်မှီအောင်ဖြေဆိုထားရန် လိုအပ်ကြောင်းသိရသည်။

လက်ရှိတွင်အခြေခံပညာအထက်တန်းအဆင့်ကျောင်းပေါင်း ၃၀၀၀ကျော်ဖွင့်လှစ်ရန်ကျန်ရှိနေပြီး စက်တင်ဘာလအတွင်းတွင် အခြေခံပညာအလယ်တန်းအဆင့်ကျောင်းများကို အစိုးရသက်မှတ်ချက် covid 19ကပ်ရောဂါ ကာကွယ်ရေးအချက် ၈၀ ပြည့်မှီကိုက်ညီမှသာဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင်အခြေခံပညာကျောင်းပေါင်းလေးသောင်းကျော် ဆရာ၊ဆရာမ လေးသိန်းကျော်ရှိကြောင်းသိရသည်။

#PeopleMedia #ပညာရေး


Share this post