ကျောင်းများတွင် မည်သည့်နိုင်ငံရေးလှုပ်ရှားမှုကိုမှ လက်မခံရန် ပညာရေးဝန်ကြီး ပြောကြား

PUBLISHED - February 4, 2022
နေပြည်တော်၊ ဖေဖော်ဝါရီ ၄ (People Media)
ကျောင်းများတွင် မည်သည့်နိုင်ငံရေးလှုပ်ရှားမှုကိုမှ လက်မခံရန် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြေကြားသည်။
ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျောင်းတွေဟာ ပညာသင်ကြား၊ သင်ယူမှုတွေ ဆောင်ရွက်ဖို့နေရာဖြစ်ပါတယ်။ ကျောင်းတွေမှာ ဘယ်နိုင်ငံ ရေးလှုပ်ရှားမှုကိုမှ လက်မခံဖို့ မှာကြားလိုပါတယ်” ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောသည်။
ပြည်ထောင်စုဝန်ကြီးက ရရှိသည့် ပညာရေးအသုံးစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ အကျိုး ရှိထိရောက်စွာ အသုံးပြုကြစေလိုကြောင်း၊ ပညာရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်ဦး နှင့် တစ်ဦး မေတ္တာထား၍ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရေးတက္ကသိုလ် နှစ်ခုမှ ပါမောက္ခချုပ်များနှင့် ညှိနှိုင်း၍ ပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမများ အရည်အသွေးမြှင့် တင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချပေးစေလိုကြောင်း၊ ပြောကြားခဲ့သည်။
#PeopleMedia #နိုင်ငံရေး #ပညာရေး #COVID19
(unicode)
………………………………………………………………….