ကျောင်းများနှင့် ဆေးရုံများသည် ပစ်မှတ်မဟုတ်ကြောင်း ICRC ထုတ်ပြန်
PUBLISHED - December 20, 2021
နေပြည်တော်၊ ဒီဇင်ဘာ ၂၀ (People Media)
ကလေးများသည် လက်နက်ကိုင်ပဋိပက္ခများအကြားတွင်ပင် ဘေးကင်းလုံခြုံသော သင်ကြားရေးပတ်ဝန်းကျင် ရရှိနိုင်ရမည်ဖြစ်ပြီး ကျောင်းများနှင့် ဆေးရုံများသည် ပစ်မှတ်မဟုတ်ကြောင်း ICRC က ဒီဇင်ဘာ ၂၀ ရက်နေ့၌ ထုတ်ပြန်လိုက်သည်။
လက်ရှိအချိန်၌ အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းကြောင့် စာသင်ကျောင်းများ ဗုံးခွဲခံရခြင်း၊ မီးရှို့ဖျက် ဆီးခံရခြင်းများ ဖြစ်ပေါ်နေသလို နိုင်ငံရေးအင်အားစုအချို့သည် ကျောင်းမတက်ရေးလှုပ်ရှားမှုများ ဆောင် ရွက်လျက်ရှိသည်။
အလားတူ ပညာရေးဝန်ထမ်းများကိုလည်း လက်နက်ကိုင်အဖွဲ့အစည်းများက ပစ်မှတ်ထားလုပ်ကြံနေကြသလို ပညာရေးဝန်ထမ်းများ CDM ဆောင်ရွက်ရန် အကြမ်းဖက်ဖိအားပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းက ကွတ်ခိုင်မြို့နယ် ဆေးရုံအုပ်ကြီးသည် COVID-19 ကာကွယ်ဆေးထိုးပြီးအပြန် ဆရာမကြီးသည် သောင်းကျန်းသူများ၏ လက်ချက်ဖြင့် သေဆုံးခဲ့သလို ကျန်းမာရေးဝန်ထမ်းအချို့လည်း လုပ် ကြံသတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်လျက်ရှိသည်။
Photo – ICRC
#PeopleMedia #ICRC #ပညာရေးကျန်းမာရေး #COVID19
(unicode)
……………………………………………………………
Photo – ICRC