ေက်ာင္းသားထုအခြင့္အေရးခ်ိဳးေဖာက္ခံရေတာင္းဆုိခ်က္မ်ားကုိ (၅) ရက္အတြင္း မေျဖရွင္းေပးလွ်င္ ေက်ာင္း ဝန္းအတြင္း ျပင္းထန္ေသာပုံစံမ်ားျဖင့္ ဆက္လက္လႈပ္ရွားမည္ျဖစ္ေၾကာင္း အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာ တကၠသိုလ္(ရန္ကုန္)ေက်ာင္းသားမ်ားထုတ္ျပန္

PUBLISHED - January 3, 2020
ရန္ကုန္၊ ဇန္နဝါရီ – ၃
ေက်ာင္းသားထုအခြင့္အေရးခ်ိဳးေဖာက္ခံရေတာင္းဆုိခ်က္မ်ားကုိ (၅) ရက္အတြင္း မေျဖရွင္းေပးလွ်င္ ေက်ာင္း ဝန္းအတြင္း ျပင္းထန္ေသာပုံစံမ်ားျဖင့္ ဆက္လက္လႈပ္ရွားသြားမည္ျဖစ္ေၾကာင္း အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏု ပညာတကၠသိုလ္(ရန္ကုန္)ေက်ာင္းသားမ်ား ထုတ္ျပန္လုိက္ပါတယ္။
အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္(ရန္ကုန္)ေက်ာင္းသားမ်ားက ယေန႔ဆႏၵထုတ္ေဖာ္ ေတာင္းဆုိ ရာတြင္ (၁)ေက်ာင္းသားထုအခြင့္အေရးကာကြယ္ေရး ဒို႔အေရး၊ (၂)ေက်ာင္းသားထုကို ဖိႏွိပ္ထားေသာေက်ာင္း စည္းကမ္းခ်က္မ်ား အလိုမရွိ၊ (၃)အေဆာင္ေနထိုင္ခြင့္ရရွိေရး ဒို႔အေရးစသည့္ေႂကြးေၾကာ္သံမ်ားျဖင့္ ေက်ာင္း ဝန္းအတြင္း လွည့္လည္ဆႏၵျပခဲ့ၾကပါတယ္။
ေက်ာင္းအုပ္ခ်ဳပ္ေရးအာဏာပိုင္အဖြဲ႕၏ ေက်ာင္းသားထုအခြင့္အေရးခ်ိဳးေဖာက္ေနမႈမ်ားကို (၅) ရက္အတြင္း ေျဖရွင္းေပးရန္ရာဇသံေပးခဲ့ပါတယ္။ (၅)ရက္အတြင္း ေက်ာင္းသားထုအခြင့္အေရးခ်ိဳးေဖာက္ခံရမႈကို မေျဖရွင္း ေပးပါကေက်ာင္းဝန္းအတြင္း ျပင္းထန္ေသာပုံစံမ်ားျဖင့္ ဆက္လက္လႈပ္ရွားသြားမည္ျဖစ္ေၾကာင္း ဆုိပါတယ္။
ေက်ာင္းဝန္းအတြင္း ဆက္လက္ျဖစ္ေပၚလာမည့္ကိစၥအဝဝသည္ ေက်ာင္းအုပ္ခ်ဳပ္ေရးအာဏာပိုင္အဖြဲ႕၏ ဖိႏွိပ္ မႈမ်ားေၾကာင့္သာျဖစ္ေၾကာင္း၊ ေက်ာင္းအုပ္ခ်ဳပ္ေရးအာဏာပိုင္အဖြဲ႕တြင္သာ တာဝန္ရွိေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားပါတယ္။
#PeopleMedia #အမ်ိဳးသားယဥ္ေက်းမႈႏွင့္အႏုပညာတကၠသိုလ္ (ရန္ကုန္)
(Unicode)
ကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရတောင်းဆိုချက်များကို (၅) ရက်အတွင်း မဖြေရှင်းပေးလျှင် ကျောင်း ဝန်းအတွင်း ပြင်းထန်သောပုံစံများဖြင့် ဆက်လက်လှုပ်ရှားမည်ဖြစ်ကြောင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)ကျောင်းသားများထုတ်ပြန်
……………………………………………………
ရန်ကုန်၊ ဇန်နဝါရီ – ၃
ကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရတောင်းဆိုချက်များကို (၅) ရက်အတွင်း မဖြေရှင်းပေးလျှင် ကျောင်း ဝန်းအတွင်း ပြင်းထန်သောပုံစံများဖြင့် ဆက်လက်လှုပ်ရှားသွားမည်ဖြစ်ကြောင်း အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ်(ရန်ကုန်)ကျောင်းသားများ ထုတ်ပြန်လိုက်ပါတယ်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ကျောင်းသားများက ယနေ့ဆန္ဒထုတ်ဖော် တောင်းဆို ရာတွင် (၁)ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး ဒို့အရေး၊ (၂)ကျောင်းသားထုကို ဖိနှိပ်ထားသောကျောင်း စည်းကမ်းချက်များ အလိုမရှိ၊ (၃)အဆောင်နေထိုင်ခွင့်ရရှိရေး ဒို့အရေးစသည့်ကြွေးကြော်သံများဖြင့် ကျောင်း ဝန်းအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့၏ ကျောင်းသားထုအခွင့်အရေးချိုးဖောက်နေမှုများကို (၅) ရက်အတွင်း ဖြေရှင်းပေးရန်ရာဇသံပေးခဲ့ပါတယ်။ (၅)ရက်အတွင်း ကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရမှုကို မဖြေရှင်း ပေးပါကကျောင်းဝန်းအတွင်း ပြင်းထန်သောပုံစံများဖြင့် ဆက်လက်လှုပ်ရှားသွားမည်ဖြစ်ကြောင်း ဆိုပါတယ်။
ကျောင်းဝန်းအတွင်း ဆက်လက်ဖြစ်ပေါ်လာမည့်ကိစ္စအဝဝသည် ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့၏ ဖိနှိပ် မှုများကြောင့်သာဖြစ်ကြောင်း၊ ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့တွင်သာ တာဝန်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။
#PeopleMedia #အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)