ကျောင်းသူတစ်ဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်သည့် အုပ်ချုပ်ရေးမှူးကို ထိုင်းတရားရုံးက ဝရမ်းထုတ်

PUBLISHED - July 4, 2019
ထိုင်းနိုင်ငံ၊ ဖန်းငါးခရိုင်အတွင်း၌ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့် ရပ်ကွက်အုပ်ချုပ်ရေး မှူးကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မီဒီယာများက ဖော်ပြထားသည်။
ကျောင်းသူတစ်ဦးကို လိင်မှုကျူးလွန်သော ရုပ်သံဖိုင်သည် ထိုင်းလူမှုကွန်ယက်၌ ဝေဖန် မှု မြင့်တက်လျှက်ရှိပြီ အဆိုပါ အုပ်ချုပ်ရေးမှူးသည် လက်ရှိအချိန်၌ တိမ်းရှောင်လျှက်ရှိ သည်။
ကျူးလွန်ခြင်းခံရသော ကျောင်းသူကို သက်ဆိုင်ရာအဖွဲ့များက စောင့်ရှောက်ထားပြီးဖြစ် ပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးသည် အဆိုပါ ကျောင်းသူကို ပညာရေး ထောက်ပံ စရိတ်ရရှိရန် အကြောင်းပြပြီး ခေါ်ဆောင်လာစဉ် ယာဉ်ပေါ်၌ ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
https://www.facebook.com/1120229281493723/videos/456221845163540/