• Follow Us on
Latest News

Home ေက်ာင္းေကာင္စီအသင္းအဖြဲ႕တြင္ ဗိုလ္ေတဇတစ္သင္းထပ္တိုးမည့္အေ ပၚ ဗိုလ္ခ်ဳပ္ရွိမွ တခ်ိဳ႕က အဆင္ေျပမည္ဟု ျပည္သူ႔လႊတ္ေတာ္တြင္ မင္း ကင္းအမတ္ဦးေမာင္ျမင့္မွတ္ခ်က္ျပဳေျပာၾကား

ေက်ာင္းေကာင္စီအသင္းအဖြဲ႕တြင္ ဗိုလ္ေတဇတစ္သင္းထပ္တိုးမည့္အေ ပၚ ဗိုလ္ခ်ဳပ္ရွိမွ တခ်ိဳ႕က အဆင္ေျပမည္ဟု ျပည္သူ႔လႊတ္ေတာ္တြင္ မင္း ကင္းအမတ္ဦးေမာင္ျမင့္မွတ္ခ်က္ျပဳေျပာၾကား

Share this post

ေနျပည္ေတာ္၊ ဇူလိုင္ ၁၄

ေက်ာင္းေကာင္စီအသင္းအဖြဲ႕တြင္ ဗိုလ္ေတဇတစ္သင္းထပ္တိုးမည့္အေပၚ ဗိုလ္ခ်ဳပ္ရွိမွ တခ်ိဳ႕ကအဆင္ေျပသည္ဟု ျပည္သူ႔လႊတ္ေတာ္တြင္ မင္းကင္းအမတ္ဦးေမာင္ျမင့္မွတ္ခ်က္ျပဳေျပာၾကားလိုက္သည္။

ေနျပည္ေတာ္တြင္ ဇူလိုင္ ၁၄ ရက္ ဒုတိယအႀကိမ္က်င္းပသည့္ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းတြင္ မင္းကင္းျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ျမင့္က အဆိုအားေဆြးေႏြးစဥ္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“တကယ္ေတာ့ ေက်ာင္းေကာင္စီအသင္းေတြကရွိၿပီးအသင္းေတြျဖစ္သလိုလက္ရွိလုပ္ေနတာပါ။ အဆိုရွင္ေျပာသလို ဗိုလ္ ေတဇအသင္းထပ္ဖြဲ႕မယ္ဆိုတာလည္း ေကာင္းပါတယ္။ ဗိုလ္ခ်ဳပ္ရွိမွ တခ်ိဳ႕က အဆင္ေျပမွာျဖစ္ပါတယ္။ လက္ရွိရွိၿပီးသား အသင္း ၅ သင္းနဲ႔ ဗိုလ္ေတဇအသင္းကို ထပ္တိုးလို႔ရွိရင္ေတာ့ တစ္ပတ္မွာခုနစ္ရက္ရွိၿပီးေတာ့ အသင္းက ေျခာက္သင္းျဖစ္လို႔ တာ၀န္ခြဲေ၀ရတာ အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဗိုလ္ေတဇအသင္းအျပင္ ေနာက္ထပ္အာဇာနည္တစ္ေယာက္နဲ႔ ေနာက္ထပ္အသင္းတစ္သင္းထပ္တိုးေပးမွလည္း အဆင္ေျပလိမ့္မယ္လို႔ ကြ်န္ေတာ္ေဆြးေႏြးလိုပါတယ္’’ဟု ၎ကေျပာသည္။

လက္ရွိတြင္အာဏာရပါတီအစိုးရမွ ဇူလိုင္ ၁၉ ရက္တြင္ ဗိုလ္ခ်ဳပ္႐ုပ္ပုံပါ ေငြစကၠဴငါးရာက်ပ္တန္မ်ားထုတ္ေ၀သြားမည္ျဖစ္ၿပီး ၂၀၂၀ ေရြးေကာက္ပြဲအတြက္ မဲဆြယ္ရာတြင္ ဗိုလ္ခ်ဳပ္႐ုပ္ပုံမ်ား အသုံးျပဳသြားမည္ျဖစ္ေၾကာင္းထုတ္ျပန္ထားသည္။

“ဒီမိုကေရစီရဲ႕ အေျခခံကေတာ့ တာ၀န္ယူမႈနဲ႔ တာ၀န္ခံမႈပါပဲ။ အဲဒီတာ၀န္ခံမႈနဲ႔ တာ၀န္ယူမႈဆိုတာ စိတ္ဓါတ္ေရးရာအမူအက်င့္ ေတြျဖစ္လို႔ ဒီမိုကေရစီရဲ႕ အႏွစ္သာရကအေျခခံစိတ္ဓါတ္သေဘာတရားလည္းျဖစ္ပါတယ္’’ဟု မင္းကင္းျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ျမင့္ကထပ္မံေျပာသည္။

#PeopleMedia

(unicode)
ကျောင်းကောင်စီအသင်းအဖွဲ့တွင် ဗိုလ်တေဇတစ်သင်းထပ်တိုးမည့်အ ေပါ် ဗိုလ်ချုပ်ရှိမှ တချို့က အဆင်ပြေမည်ဟု ပြည်သူ့လွှတ်တော်တွင် မင်း ကင်းအမတ်ဦးမောင်မြင့်မှတ်ချက်ပြုပြောကြား
……………………………………………………………..

နေပြည်တော်၊ ဇူလိုင် ၁၄

ကျောင်းကောင်စီအသင်းအဖွဲ့တွင် ဗိုလ်တေဇတစ်သင်းထပ်တိုးမည့်အပေါ် ဗိုလ်ချုပ်ရှိမှ တချို့ကအဆင်ပြေသည်ဟု ပြည်သူ့လွှတ်တော်တွင် မင်းကင်းအမတ်ဦးမောင်မြင့်မှတ်ချက်ပြုပြောကြားလိုက်သည်။

နေပြည်တော်တွင် ဇူလိုင် ၁၄ ရက် ဒုတိယအကြိမ်ကျင်းပသည့်ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်းကင်းပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က အဆိုအားဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“တကယ်တော့ ကျောင်းကောင်စီအသင်းတွေကရှိပြီးအသင်းတွေဖြစ်သလိုလက်ရှိလုပ်နေတာပါ။ အဆိုရှင်ပြောသလို ဗိုလ် တေဇအသင်းထပ်ဖွဲ့မယ်ဆိုတာလည်း ကောင်းပါတယ်။ ဗိုလ်ချုပ်ရှိမှ တချို့က အဆင်ပြေမှာဖြစ်ပါတယ်။ လက်ရှိရှိပြီးသား အသင်း ၅ သင်းနဲ့ ဗိုလ်တေဇအသင်းကို ထပ်တိုးလို့ရှိရင်တော့ တစ်ပတ်မှာခုနစ်ရက်ရှိပြီးတော့ အသင်းက ခြောက်သင်းဖြစ်လို့ တာဝန်ခွဲဝေရတာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဗိုလ်တေဇအသင်းအပြင် နောက်ထပ်အာဇာနည်တစ်ယောက်နဲ့ နောက်ထပ်အသင်းတစ်သင်းထပ်တိုးပေးမှလည်း အဆင်ပြေလိမ့်မယ်လို့ ကျွန်တော်ဆွေးနွေးလိုပါတယ်’’ဟု ၎င်းကပြောသည်။

လက်ရှိတွင်အာဏာရပါတီအစိုးရမှ ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူငါးရာကျပ်တန်များထုတ်ဝေသွားမည်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ရာတွင် ဗိုလ်ချုပ်ရုပ်ပုံများ အသုံးပြုသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

“ဒီမိုကရေစီရဲ့ အခြေခံကတော့ တာဝန်ယူမှုနဲ့ တာဝန်ခံမှုပါပဲ။ အဲဒီတာဝန်ခံမှုနဲ့ တာဝန်ယူမှုဆိုတာ စိတ်ဓါတ်ရေးရာအမူအကျင့် တွေဖြစ်လို့ ဒီမိုကရေစီရဲ့ အနှစ်သာရကအခြေခံစိတ်ဓါတ်သဘောတရားလည်းဖြစ်ပါတယ်’’ဟု မင်းကင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်ကထပ်မံပြောသည်။

#PeopleMedia


Share this post