ေက်းသီးၿမိဳ႕နယ္၌ ရပ္တန႔္ထားသည့္ ဆီေဘာက္ဆာယာဥ္ေပၚမွ ေငြက်ပ္ သိန္းေပါင္း ၃၆၀၀၀၀ တန္ဖိုးရွိ အိုက္စ္မူးယစ္ေဆးဝါးမ်ား သိမ္းဆည္းရမိ
PUBLISHED - October 15, 2020
ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၅
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေက်းသီးၿမိဳ႕နယ္အတြင္း လုံျခဳံေရးေဆာင္ ရြက္လ်က္ရွိေသာ တပ္ဖြဲ႕ဝင္မ်ားသည္ ယမန္ေန႔ညေန ၅ နာရီခန႔္တြင္ မိုင္းေနာင္-မိုင္းနင္းသြားကားလမ္း၌ရပ္တန႔္ထားသည့္ DONG FENG အမ်ိဳးအစား ဆီေဘာက္ဆာယာဥ္အမွတ္၊ MDY 2R/— အားေတြ႕ရွိသျဖင့္ စစ္ေဆးရာ ဆီသိုေလွာင္ကန္အကန႔္ႏွစ္ကန႔္အတြင္းမွ ဆာလာအိတ္မ်ား အတြင္း သိုဝွက္သယ္ေဆာင္ထားသည့္ ၁ ကီလိုဂရမ္ခန႔္စီပါ အိုက္စ္မူး ယစ္ေဆးဝါးအထုပ္ ၁၈၀၀ (ခန႔္မွန္း တန္ဖိုးေငြက်ပ္သိန္းေပါင္း ၃၆၀၀၀၀) ကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့သည္။
အဆိုပါ သိမ္းဆည္းရမိမူးယစ္ေဆးဝါးမ်ားအား လြိဳင္လင္ၿမိဳ႕ မူးယစ္တပ္ဖြဲ႕စုသို႔ စနစ္တက် လႊဲေျပာင္းအပ္ႏွံသြားမည္ျဖစ္ေၾကာင္း တပ္မေတာ္က သတင္း ထုတ္ျပန္ထားသည္။
#PeopleMedia #မူးယစ္ #ေက်းသီးၿမိဳ႕
(unicode)
ကျေးသီးမြို့နယ်၌ ရပ်တန့်ထားသည့် ဆီဘောက်ဆာယာဉ်ပေါ်မှ ငွေကျပ် သိန်းပေါင်း ၃၆၀၀၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
…………………………………….
နေပြည်တော်၊ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယမန်နေ့ညနေ ၅ နာရီခန့်တွင် မိုင်းနောင်-မိုင်းနင်းသွားကားလမ်း၌ရပ်တန့်ထားသည့် DONG FENG အမျိုးအစား ဆီဘောက်ဆာယာဉ်အမှတ်၊ MDY 2R/— အားတွေ့ရှိသဖြင့် စစ်ဆေးရာ ဆီသိုလှောင်ကန်အကန့်နှစ်ကန့် အတွင်းမှ ဆာလာအိတ်များအတွင်း သိုဝှက်သယ်ဆောင်ထားသည့် ၁ ကီလိုဂရမ်ခန့်စီပါ အိုက်စ်မူးယစ်ဆေးဝါးအထုပ် ၁၈၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၃၆၀၀၀၀) ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား လွိုင်လင်မြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
#PeopleMedia #မူးယစ် #ကျေးသီးမြို့