ခေတ်မီလက်နက်များထောက်ပံ့ပေးရန် ရုရှားကို ယူကရိန်းခွဲထွက်ရေးဝါဒီများတိုက်တွန်း

PUBLISHED - January 29, 2022
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၉ (People Media)
အနောက်နိုင်ငံများကထောက်ပံ့ထားသော ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဝင်ရာတွင် ခွဲထွက်ရေးဝါဒီများအ တွက် ခေတ်မီလက်နက်များထောက်ပံ့ပေးပို့ရန် ရုရှားနိုင်ငံကို ခွဲထွက်ရေးဝါဒီခေါင်းဆောင်တစ်ဦးက ဇန်နဝါရီလ ၂၇ ရက်နေ့က တိုက်တွန်းလိုက်သည်။
ရုရှားအစိုးရနှင့် အနောက်နိုင်ငံများကြား တင်းမာမှုများမြင့်တက်လာသဖြင့် ယူကရိန်းနိုင်ငံတွင် ဒေသအချို့ကို ထိန်းချုပ်ထားသည့် ခွဲထွက်ရေးဝါဒီများကို လက်နက်စတင်တပ်ဆင်ပေးရန် ရုရှားအစိုးရအား ရုရှားအာဏာရ ပါတီက တိုက်တွန်းလိုက်ပြီးနောက် ခွဲထွက်ရေးဝါဒီ ဒန်းနစ်ပွတ်ရှိုင်လင်က ပြောကြားလိုက်ခြင်းဖြစ်သည်။
“ပထမဦဆုံးနဲ့ အရေးအကြီးဆုံးက ဘေရတ်တာစ် (ဒရုန်းများ) တွေကို တုံ့ပြန်တိုက်ခိုက်ဖို့လိုအပ်နေတာပဲဖြစ်ပါ တယ်။” ဟု တူရကီထုတ် ဒရုန်းများကို ရည်ညွှန်း၍ ၎င်းက ရုရှားအစိုးရလိုလားသည့် နိုင်ငံရေးလေ့လာတင်ပြသူ ဗလာဒီမာဆိုလော့ယက်ဗ်ကို အင်တာ ဗျူးတစ်ခုတွင်ပြောသည်။
ရုရှားနိုင်ငံအနေဖြင့် ကလက်ရှ်နီကော့ဗ်ချေမှုန်းရေးရိုင်ဖယ်များနှင့် ဆိုဗီယက်ခေတ်စက်သေနတ်များအစား မျိုး ဆက်သစ်လက်နက်များကို ခွဲထွက်ရေးဝါဒီများအား ထောက်ပံ့ပေးနိုင်ကြောင်း ဆိုလော့ယက်ဗ်ကပြောသည်။
“ခင်ဗျားပြောတဲ့လက်နက်တွေအကြောင်း ကျွန်တော်တို့ ဆွေးနွေးဖို့လိုပါတယ်။” ဟု ဒန်းနစ်ပွတ်ရှိုင်လင်က ပြောသည်။
ဒန်းတက်စ်ပြည်သူ့သမ္မတနိုင်ငံ၏ ခေါင်းဆောင်ဟု ၎င်းကိုယ်၎င်း ကြေညာထားသော ဒန်းနစ်ပွတ်ရှိုင်လင်က ယူကရိန်းအာဏာပိုင်များသည် ထိုးစစ်တစ်ခုဆင်နွှဲရန် ပြင်ဆင်နေပြီး လက်နက်ခဲယမ်းများနှင့် လောင်စာဆီများ စုပုံနေကြောင်း စွပ်စွဲပြောဆိုလိုက်သည်။
အာဏာရပါတီသည် ယူကရိန်းနိုင်ငံမှ ခွဲထွက်ရေးဝါဒီများကို လက်နက်တပ်ဆင်ပေးရန် ရုရှားခေါင်းဆောင်များ ကို တောင်းဆိုထားကြောင်း United Russia ပါတီမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးက ဇန်နဝါရီလ ၂၆ ရက်နေ့ က ပြောသည်။
နေတိုးအဖွဲ့သို့ ဝင်ရောက်ခွင့်ရရန် ကြိုးပမ်းနေသည့် ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် ခြိမ်းခြောက်နေ ခြင်းအားဖြင့် ရုရှားနိုင်ငံက ဥရောပဒေသကို မတည်ငြိမ်အောင်ပြုလုပ်ရန် နည်းလမ်းများရှာဖွေနေကြောင်း အမေ ရိကန်ပြည်ထောင်စုနှင့် ဥရောပမဟာမိတ်နိုင်ငံများက ရုရှားနိုင်ငံအား စွပ်စွဲလျက်ရှိသည်။
ယူကရိန်းကို ကျူးကျော်ရန်စီစဉ်နေသည်ဆိုသည့်စွပ်စွဲချက်ကို ရုရှားအစိုးရက ငြင်းပယ်ခဲ့သော်လည်း ရုရှားနိုင်ငံ သည် ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကျွန်းဆွယ်ကိုသိမ်းပိုက်ခဲ့သည့်အပြင် ယူကရိန်းနိုင်ံအရှေ့ပိုင်းမှ ခွဲထွက်ရေး ဝါဒီများကို ထောက်ပံ့လျက်ရှိသည်။
Ref: Ukraine Separatists Urge Russia to Send Modern Weapons
#PeopleMedia
(unicode)
……………………………………………………………..
Ref: Ukraine Separatists Urge Russia to Send Modern Weapons
#PeopleMedia