
PUBLISHED - December 30, 2019
Ref; thedailystar.net
(Unicode)
ခေတ်မီသော စစ်တပ်အဖြစ်ပြောင်းလဲရန် အစိုးရက ဆောင်ရွက်နေဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြောကြား
…………………………………………………………
ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ခေတ်မီစစ်တပ်တစ်တပ်ဖြစ်လာအောင် ပြောင်းလဲနိုင်ဖို့ အစိုးရက ဆောင်ရွက်လျက် ရှိကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပြောပါတယ်။
၂၀၁၉ ခုနှစ် ဘင်္ဂလားဒေ့ရှ်စစ်တက္ကသိုလ် သင်တန်းဆင်းပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့စဉ် ဟာစီနာက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်တပ်အနေနဲ့ အမြဲတမ်းကောင်းစွာလေ့ကျင့်ပြီး ခေတ်နည်းပညာ စစ်လက်နက်တွေတပ်ဆင်ထားရှိဖို့ လိုအပ် တယ်လို့လည်း ဟာစီနာက ပြောပါတယ်။
သင်တန်းဆင်းဗိုလ်လောင်းတွေအနေနဲ့ စီနီယာတွေအပေါ်မှာ လေးစားမှုရှိဖို့လိုအပ်ပြီး ပူးပေါင်းဆောင်ရွက် နိုင်ဖို့အတွက်လည်း အထူးဂရုစိုက်မှာဖြစ်တယ်လို့ ဟာစီနာက ပြောပါတယ်။
Ref; thedailystar.net
#PeopleMedia #International