ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ မဲ႐ုံတာဝန္က်သည့္ ဆရာမအခ်ိဳ႕ က်န္းမာေရး မေကာင္း၍ လမ္းတစ္ဝက္မွ ျပန္လာ
PUBLISHED - October 28, 2020
ေခါင္လန္ဖူး၊ ေအာက္တိုဘာ ၂၈
ကခ်င္ျပည္နယ္၊ ေခါင္လန္ဖူးၿမိဳ႕နယ္၌ မဲ႐ုံတာဝန္က်သည့္ ဆရာမအခ်ိဳ႕ က်န္းမာေရး မေကာင္း၍ လမ္းတစ္ဝက္ကျပန္လာသူ ၄ ဦး ရွိေၾကာင္း ကခ်င္ျပည္နယ္ ပညာေရးမႉး႐ုံးမွ သိရသည္။
ေခါင္လန္ဖူးၿမိဳ႕နယ္အတြင္း မဲ႐ုံတာဝန္ထမ္း ေဆာင္ရန္သြားသည့္ ဆရာ/ဆရာမ အင္အား (၁၆၁)ရွိေၾကာင္း ပူတာအိုခရိုင္ ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ႐ုံး စာရင္းမ်ားအရ သိရၿပီး ယင္းအနက္ ဆရာမ ၄ ဦးမွာ ရာသီဥတုဒဏ္ႏွင့္ လမ္းခရီး အခက္အခဲ မ်ားေၾကာင့္ ေနမေကာင္းျဖစ္၍ ေခါင္လန္ဖူးမွ ျပန္လာကာ လက္ရွိေဆး႐ုံ၌ ကုသမႈခံယူေနေၾကာင္း ကခ်င္ျပည္နယ္ပညာေရးမႉး ေဒၚ ခင္သန္းႏြဲ႕ကဆိုသည္။
“သုံးေယာက္ကေတာ့ ပူတာအိုမွာပဲေဆး႐ုံတင္ထားပါတယ္။ သူတို႔သုံးေယာက္ထဲက တစ္ေယာက္ကအစာအိမ္နာတာေပါ့။ က်န္တဲ့ႏွစ္ေယာက္ကေတာ့ ရိုးရိုးဖ်ားတာပါ။ ေနာက္တစ္ေယာက္ ကေတာ့ ဦးေႏွာက္အေမွးပါး ေယာင္တယ္လို႔ယူဆရတဲ့အတြက္ တပ္မေတာ္ ရဟတ္ယာဥ္နဲ႔ပဲ ျမစ္ႀကီးနားကို ေခၚခဲ့ၿပီးေတာ့ အခုျမစ္ႀကီးနားေဆး႐ုံမွာပဲ ေဆးကုေနပါတယ္ သူလည္းေလာေလာဆယ္ အထိေတာ့ အေျခအေန ေကာင္းပါတယ္။ ဟိုမွာတုန္းကေတာ့ သူက သတိရလိုက္ မရလိုက္ဆို ေပမယ့္ အခုေတာ့ ေကာင္းေကာင္း သတိရ ေနပါၿပီ” ဟု ဆရာမႀကီးေဒၚခင္သန္းႏြဲ႕က ေျပာသည္။
ေခါင္လန္ဖူးၿမိဳ႕နယ္အတြင္း မဲ႐ုံတာဝန္ထမ္းေဆာင္ရန္ ေစလႊတ္လိုက္သည့္ ဆရာ/ဆရာမ အားလုံးမွာ လက္ရ္ွိတြင္ ေခါင္လန္ဖူးၿမိဳ႕၌ ေရာက္ရွိေနၿပီ ျဖစ္ေၾကာင္း သိရၿပီး ယင္းအနက္ က်န္မာေရးမေကာင္း၍ ျပန္လာသူမ်ားမွာ အဆိုပါ ၄ ဥိိီးသာရွိေၾကာင္း ျပည္နယ္ပညာေရးမႉးက ထည့္သြင္းေျပာဆိုခဲ့သည္။
ဤသို႔ က်န္းမာေရး ထိခိုက္ရျခင္းမွာ လမ္းခရီးၾကမ္းတမ္းျခင္းႏွင့္ ယင္းဆရာ/ဆရာမ မ်ားတက္လာစဥ္လမ္းခရိီး တစ္ေလၽွာက္လုံးမိုးသည္းထန္စြာ ရြာသြန္းျခင္း စသည့္ အခက္အခဲမ်ားေၾကာင့္ ျဖစ္နိုင္ေၾကာင္း ယင္းဆရာ/ဆရာမ မ်ားႏွင့္ဆက္သြယ္ရရွိသည့္ ေခါင္လန္ဖူး ေဒသခံတစ္ဦးက ဆိုသည္။
“သူတို႔က ေျခခ်င္ပဲ အားလုံးကေျခခ်င္နဲ႔လာတယ္ ကားေပါက္တဲ့ထိေတာ့ ကားနဲ႔လာၿပီး ဒီဘက္ေတာ့ ေျခခ်င္နဲ႔ပဲ လာရတယ္။ ေန႔၊ ည မစဲ တစ္ပတ္ေလာက္မိုးရြာသြားေတာ့ လမ္းက ေတာ္ေတာ္ဆိုးသြားတယ္။မိုးရြာေတာ့ လမ္းကေတာင္ၿပိဳတာ၊ေျမၿပိဳတာေတြျဖစ္တာ။ အခက္အခဲအမ်ိဳးမ်ိဳး သူတို႔ၾကဳံမွာပဲ ”ဟု ေဒသခံ ဦးဇနိမ္ေဖရမ္က ေျပာသည္။
လက္ရွိ ေဆးကုသမႈခံယူေနသည့္ မဲ႐ုံတာဝန္က် ဆရာ/ဆရာမမ်ား က်န္းမာေရး အေျခအေန ျပန္လည္ ေကာင္းမြန္လာလ်င္လည္းျပန္လည္ေစလႊတ္ေတာ့မည္ မဟုတ္ေၾကာင္းျပည္နယ္ပညာေရးမႉး ေဒၚခင္သန္းႏြဲ႕က ဆိုသည္။
“သူတို႔က ပူတာအိုမွာ ေရာက္ေနၿပီးသားဆိုေတာ့ ဟိုဘက္ကို ဆက္ၿပီး ပို႔ဖို႔ေတာ့ အစီအစဥ္မရွိေတာ့ပါဘူး။ဘာလို႔ဆိုေတာ့ မဲ႐ုံတာဝန္ကိုလည္း အရံထားထားတဲ့လူနဲ႔ အစားထိုးထားၿပီးပါၿပီ”ဟု ၎က ေျပာသည္။
ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲ၌ ၿမိဳ႕ေပၚ ၄ ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု ၂၃ အုပ္စုအတြင္း မဲ႐ုံ ၃၆ ႐ုံ ဖြင့္လွစ္သြားမည္ ျဖစ္ေၾကာင္းႏွင့္ ေအာက္တိုဘာလ ၁ ရက္ေန႔ ဒုတိယအႀကိမ္မဲစာရင္း ကပ္ထားေၾကညာခ်က္အရ မဲဆႏၵရွင္ ရွစ္ေထာင္ေက်ာ္ရွိေၾကာင္း သိရသည္။
ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ ပူတာအိုခရိုင္တြင္ ေရြးေကာက္ပြဲမက်င္းပနိုင္သည့္ေက်းရြာအုပ္စု (၄၃)စုရွိၿပီး ဆြမ္ပရာဘြမ္ၿမိဳ႕နယ္မွေက်းရြာအုပ္စု (၃၁)စု၊ မခ်မ္းေဘာ့ၿမိဳ႕နယ္မွ ေက်းရြာအုပ္စု(၁၁)ပါဝင္ၿပီး ေခါင္လန္ဖူးၿမိဳ႕နယ္တြင္ မေရွာ့ခူးေက်းရြာအုပ္စု တစ္စုသာရွိေၾကာင္း သိရသည္။
သတင္း – လြမ္းေအာင္
ဓါတ္ပုံ – ရင္ဆူးခက္
(ေခါင္လန္ဖူးၿမိဳ႕နယ္သို႔ မဲ႐ုံတာဝန္က်ဆရာ/ဆရာမမ်ားအား လမ္းခရီးတစ္ေနရာ၌ ျမင္ေတြ႕ရစဥ္)
#PeopleMedia #2020election #ေခါင္လန္ဖူး
(unicode)
ခေါင်လန်ဖူးမြို့နယ်တွင် မဲရုံတာဝန်ကျသည့် ဆရာမအချို့ ကျန်းမာရေး မကောင်း၍ လမ်းတစ်ဝက်မှ ပြန်လာ
…………………………………………………………
ခေါင်လန်ဖူး၊ အောက်တိုဘာ ၂၈
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၌ မဲရုံတာဝန်ကျသည့် ဆရာမအချို့ ကျန်းမာရေး မကောင်း၍ လမ်းတစ်ဝက်ကပြန်လာသူ ၄ ဦး ရှိကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
ခေါင်လန်ဖူးမြို့နယ်အတွင်း မဲရုံတာဝန်ထမ်း ဆောင်ရန်သွားသည့် ဆရာ/ဆရာမ အင်အား (၁၆၁)ရှိကြောင်း ပူတာအိုခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး စာရင်းများအရ သိရပြီး ယင်းအနက် ဆရာမ ၄ ဦးမှာ ရာသီဥတုဒဏ်နှင့် လမ်းခရီး အခက်အခဲ များကြောင့် နေမကောင်းဖြစ်၍ ခေါင်လန်ဖူးမှ ပြန်လာကာ လက်ရှိဆေးရုံ၌ ကုသမှုခံယူနေကြောင်း ကချင်ပြည်နယ်ပညာရေးမှူး ဒေါ် ခင်သန်းနွဲ့ကဆိုသည်။
“သုံးယောက်ကတော့ ပူတာအိုမှာပဲဆေးရုံတင်ထားပါတယ်။ သူတို့သုံးယောက်ထဲက တစ်ယောက်ကအစာအိမ်နာတာပေါ့။ ကျန်တဲ့နှစ်ယောက်ကတော့ ရိုးရိုးဖျားတာပါ။ နောက်တစ်ယောက် ကတော့ ဦးနှောက်အမှေးပါး ယောင်တယ်လို့ယူဆရတဲ့အတွက် တပ်မတော် ရဟတ်ယာဥ်နဲ့ပဲ မြစ်ကြီးနားကို ခေါ်ခဲ့ပြီးတော့ အခုမြစ်ကြီးနားဆေးရုံမှာပဲ ဆေးကုနေပါတယ် သူလည်းလောလောဆယ် အထိတော့ အခြေအနေ ကောင်းပါတယ်။ ဟိုမှာတုန်းကတော့ သူက သတိရလိုက် မရလိုက်ဆို ပေမယ့် အခုတော့ ကောင်းကောင်း သတိရ နေပါပြီ” ဟု ဆရာမကြီးဒေါ်ခင်သန်းနွဲ့က ပြောသည်။
ခေါင်လန်ဖူးမြို့နယ်အတွင်း မဲရုံတာဝန်ထမ်းဆောင်ရန် စေလွှတ်လိုက်သည့် ဆရာ/ဆရာမ အားလုံးမှာ လက်ရ်ှိတွင် ခေါင်လန်ဖူးမြို့၌ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပြီး ယင်းအနက် ကျန်မာရေးမကောင်း၍ ပြန်လာသူများမှာ အဆိုပါ ၄ ဥိိီးသာရှိကြောင်း ပြည်နယ်ပညာရေးမှူးက ထည့်သွင်းပြောဆိုခဲ့သည်။
ဤသို့ ကျန်းမာရေး ထိခိုက်ရခြင်းမှာ လမ်းခရီးကြမ်းတမ်းခြင်းနှင့် ယင်းဆရာ/ဆရာမ များတက်လာစဥ်လမ်းခရိီး တစ်လျှောက်လုံးမိုးသည်းထန်စွာ ရွာသွန်းခြင်း စသည့် အခက်အခဲများကြောင့် ဖြစ်နိုင်ကြောင်း ယင်းဆရာ/ဆရာမ များနှင့်ဆက်သွယ်ရရှိသည့် ခေါင်လန်ဖူး ဒေသခံတစ်ဦးက ဆိုသည်။
“သူတို့က ခြေချင်ပဲ အားလုံးကခြေချင်နဲ့လာတယ် ကားပေါက်တဲ့ထိတော့ ကားနဲ့လာပြီး ဒီဘက်တော့ ခြေချင်နဲ့ပဲ လာရတယ်။ နေ့၊ ည မစဲ တစ်ပတ်လောက်မိုးရွာသွားတော့ လမ်းက တော်တော်ဆိုးသွားတယ်။မိုးရွာတော့ လမ်းကတောင်ပြိုတာ၊မြေပြိုတာတွေဖြစ်တာ။ အခက်အခဲအမျိုးမျိုး သူတို့ကြုံမှာပဲ ”ဟု ဒေသခံ ဦးဇနိမ်ဖေရမ်က ပြောသည်။
လက်ရှိ ဆေးကုသမှုခံယူနေသည့် မဲရုံတာဝန်ကျ ဆရာ/ဆရာမများ ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာလျင်လည်းပြန်လည်စေလွှတ်တော့မည် မဟုတ်ကြောင်းပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က ဆိုသည်။
“သူတို့က ပူတာအိုမှာ ရောက်နေပြီးသားဆိုတော့ ဟိုဘက်ကို ဆက်ပြီး ပို့ဖို့တော့ အစီအစဥ်မရှိတော့ပါဘူး။ဘာလို့ဆိုတော့ မဲရုံတာဝန်ကိုလည်း အရံထားထားတဲ့လူနဲ့ အစားထိုးထားပြီးပါပြီ”ဟု ၎င်းက ပြောသည်။
ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၃ အုပ်စုအတွင်း မဲရုံ ၃၆ ရုံ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် အောက်တိုဘာလ ၁ ရက်နေ့ ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာချက်အရ မဲဆန္ဒရှင် ရှစ်ထောင်ကျော်ရှိကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ပူတာအိုခရိုင်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့်ကျေးရွာအုပ်စု (၄၃)စုရှိပြီး ဆွမ်ပရာဘွမ်မြို့နယ်မှကျေးရွာအုပ်စု (၃၁)စု၊ မချမ်းဘော့မြို့နယ်မှ ကျေးရွာအုပ်စု(၁၁)ပါဝင်ပြီး ခေါင်လန်ဖူးမြို့နယ်တွင် မရှော့ခူးကျေးရွာအုပ်စု တစ်စုသာရှိကြောင်း သိရသည်။
သတင်း – လွမ်းအောင်
ဓါတ်ပုံ – ရင်ဆူးခက်
(ခေါင်လန်ဖူးမြို့နယ်သို့ မဲရုံတာဝန်ကျဆရာ/ဆရာမများအား လမ်းခရီးတစ်နေရာ၌ မြင်တွေ့ရစဥ်)