ချောင်းဆုံမြို့နယ်၊ ရသေ့တောင်ရှိ PDF စခန်း ရှင်းလင်းခံရပြီး လက်နက်များနှင့်အတူ PDF အဖွဲ့ဝင်တစ်ဦး ဖမ်း ဆီးခံရ

PUBLISHED - January 19, 2022
မော်လမြိုင်၊ ဇန်နဝါရီ ၁၉ (People Media)
ဇန်နဝါရီ ၁၈ ရက်နေ့က မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဘိုးနက်ကျေးရွာ၊ ရသေ့တောင်၌ အခြေပြု လှုပ်ရှား သည့် PDF စခန်း ရှင်းလင်းခံခဲ့ရပြီး လက်နက်များနှင့်အတူ PDF အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။
အဆိုပါဖြစ်စဉ်၌ လုံခြုံရေးအဖွဲ့နှင့် ဒေသခံ PDF တို့ အပြန်အလှန် ပစ်ခတ်ထိတွေ့မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် PDF စခန်း ရှင်းလင်းခံခဲ့ရသလို လက်နက်များနှင့်အတူ PDF အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။
တိုက်ပွဲအတွင်း၌ AK-47 ၂ လက်၊ AK-47 ကျည် ၇၅ တောင်၊့ AK-47 ကျည်အိမ် ၁၂ ခု၊ M-16 A-1 ၁ လက်၊ M-16 ကျည် ၅၁၂ တောင့်၊ SIG ပစ္စတို ၁ လက်၊ SIG ကျည်အိမ် ၂ ခု၊ SIG ကျည် ၁၁၁ တောင့်၊ M-79 ဗုံးပစ် လောင်ချာ ၁ လက်၊ M-79 ဗုံးသီး ၁၂ လုံး၊ စကားပြောစက် ၂ လုံး၊ မှတ်ပုံတင် ၃ ခု အပါအဝင် ဆက်စပ်ပစ္စည်း များကို လုံခြုံရေးအဖွဲ့များက သိမ်းဆည်းသွားသည်။
ချောင်းဆုံမြို့နယ်၌ ဒေသခံလက်နက်ကိုင်အချို့နှင့် PDF တို့ လှုပ်ရှားလျက်ရှိပြီး နှစ်ဘက်တိုက်ပွဲများလည်း ဖြစ် ပေါ်ခဲ့သည်။
#PeopleMedia #ချောင်းဆုံမြို့နယ်
(unicode)
…………………………………………………………