ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာကို PDF သောင်းကျန်းသူများက လူအင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ပြီး ကျေးရွာရှိ နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့

PUBLISHED - March 9, 2022
ချောင်းဦး၊ မတ် ၉
ယနေ့ နံနက် ၁ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကံကြီးကုန်းကျေးရွာကို PDF သောင်းကျန်းသူများက လူအင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး ကျေးရွာရှိ နေအိမ် ၁၀၀ ကျော်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ သည်။
PDF သောင်းကျန်းသူများသည် ကျေးရွာအတွင်းသို့ ဝင်ရောက်တိုက်ခိုက်စဉ် ကျေးရွာလုံခြုံရေးအဖွဲ့များနှင့် ကျေးရွာနေပြည်သူများက ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် PDF သောင်းကျန်းသူများသည် နေအိမ်များကို မီးရှို့ပြီး ကျေးရွာအတွင်းမှ ပြန်လည်ထွက်ပြေးခဲ့ရသည်။
“အင်အားအလုံးအရင်းနဲ့ ဝင်လာတာပါ။ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက ပြန်ခုခံတော့ ရွာက နေအိမ်တွေကို မီးရှို့ပြီး ထွက်ပြေးသွားတာ။ နေအိမ် ၁၀၀ ကျော် မီးလောင်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်အတွင်း၌ PDF အကြမ်းဖက်အဖွဲ့ ကိုင်ဆောင်သည့် လက်လုပ်သေနတ် ၁ လက်၊ လက်လုပ် လောင်ချာ ၁ လက်၊ လက်လုပ်မိုင်းများ၊ ကျည်ဆံများကို ကျေးရွာကာကွယ်ရေးအဖွဲ့များက ရရှိခဲ့သည်။
ထို့ကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ဖျက်ဆီးလျက်ရှိသည့် PDF အဖွဲ့များကို အမြစ်ပြတ် ရှင်းလင်း ပေးရန် ပြည်သူများက တပ်မတော်ထံ တောင်းဆိုလျက်ရှိနေသည်။
#PeopleMedia
(unicode)
………………………………………………
#PeopleMedia