ချောင်းဦးမြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုံခြုံရေးအာမခံချက်မရ၍ တာဝန်မှနုတ်ထွက်

PUBLISHED - September 29, 2021
နေပြည်တော်၊ စက်တင်ဘာ ၂၉ (People Media)
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုံခြုံရေးအာမခံချက်မရ၍ တာဝန်မှ နုတ်ထွက်သွားကြကြောင်း အဆိုပါ ရပ်ကွက်နေထိုင်သူများထံမှ သိရသည်။
ယင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မကြာခဏ သတ်ခံနေရသလို ပြီးခဲ့ သည့် စက်တင်ဘာလ ၂၄ ရက်တွင်လည်း ချောင်းဦးမြို့နယ် PDF အဖွဲ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား နှုတ်ထွက်ရန် သတိပေးထားခြင်းများကြောင့် နှုတ်ထွက်ရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ချောင်းဦးမြို့နယ်အတွင်း နှုတ်ထွက်ကြသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှာ ချောင်းဦးမြို့၊ ရန်အောင်မြေရပ် ကွက်အုပ်ချုပ်ရေးမှူး၊ ချောင်းမနားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရွှေလှေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဆူးလှေကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ တမာမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ချောင်းဦးမြို့ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးအပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀ ဦးအထက် နှုတ်ထွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် ကျန်မာရေးမကောင်းကြခြင်းကြောင့်ဟု ပြောဆိုထားသလို တစ်ချို့ မှာလည်း တာဝန်ဆက်လက်ထမ်းဆောင်ရန် ဆန္ဒမရှိခြင်းကြောင့် ပြောဆိုထားကြကြောင်း သိရသည်။
Photo – credit
#PeopleMedia #ချောင်းဦးမြို့
(unicode)
………………………………………………………………………
Photo-credit