ေဂ်ာ္နီေဝါ့ကားဝီစကီမ်ားကို စကၠဴပုလင္းမ်ားျဖင့္ ေျပာင္းလဲေရာင္းခ်မည္

PUBLISHED - July 15, 2020
လန္ဒန္၊ ဇူလိုင္ ၁၄
ၿပီးခဲ့သည့္ႏွစ္ေပါင္း ၂၀၀ တြင္ စတင္အေျခတည္ခဲ့သည့္ေဂ်ာ္နီေဝါ့ကားဝီစကီကို မၾကာခင္ စကၠဴပုလင္းမ်ားျဖင့္ေတြ႕ရမည္။
လာမည့္ႏွစ္တြင္ သဘာ၀ပတ္၀န္းက်င္ႏွင့္ ပနံသင့္သည့္ ထုတ္ပိုးမႈမ်ားျဖင့္ နမူနာစတင္ထုတ္လုပ္ေတာ့မည္ဟု အမွတ္တံဆိပ္ ပိုင္ဆိုင္သည့္ Diageo ကုမၸဏီကထုတ္ျပန္သည္။
ေဂ်ာ္နီဝါးကားအမ်ားစုကို ဖန္ပုလင္းျဖင့္ေရာင္းခ်ခ်ိန္တြင္ အမွတ္တံဆိပ္မ်ား၌ ပလတ္စတစ္အသံုးျပဳမႈထပ္မံေလွ်ာ့ခ်ရန္ ကုမၸ ဏီက နည္းလမ္းမ်ား႐ွာေနသည္။
ဖန္ပုလင္းမ်ားျပဳလုပ္ျခင္းသည္ စြမ္းအင္ကုန္ၿပီး ကာဗြန္ထုတ္လႊတ္မႈမ်ား႐ွိသည္။ ပုလင္းမ်ားျပဳလုပ္ရန္ အလွကုန္မ်ားထုတ္လုပ္ သည့္ Unilever ႏွင့္ ပက္စီအခ်ိဳရည္ထုတ္လုပ္သည့္ PepsiCo တို႔အတြက္ ထုတ္ပိုးမႈလုပ္ေပးမည့္ Pulpex ဆိုသည့္လုပ္ငန္းကို Diageo ကပူးတြဲတည္ေထာင္မည္ျဖစ္သည္။
၂၀၂၁ ခုႏွစ္၊ ေႏြဦးရာသီတြင္စတင္ေရာင္းခ်မည့္စကၠဴဝီစကီပုလင္းမ်ားကို သစ္သားေပ်ာ့ဖတ္မွထုတ္လုပ္မည္ျဖစ္ၿပီး အျပည့္ အဝျပန္လည္သံုးစြဲႏိုင္ေၾကာင္း ကုမၸဏီကေျပာသည္။
စားသံုသူမ်ားအေနႏွင့္ ပုလင္းမ်ားကို ျပန္အသံုးျပဳႏိုင္သည့္ပစၥည္းမ်ားထည့္ရသည့္အမႈိက္ျခင္းမ်ားတြင္ ထည့္သြင္းေစလိုရင္းျဖစ္ သည္။
အေဖ်ာ္ယမကာကုမၸဏီမ်ားက စကၠဴပုလင္းမ်ားထုတ္လုပ္ဖန္တီးၿပီး ညစ္ညမ္းမႈေလွ်ာ့ခ်ေရးႏွင့္ ထုတ္ကုန္မ်ားပိုမိုေရ႐ွည္တည္ တံေစရန္ လုပ္ေနၾကသည္။
Ref : Johnnie Walker whisky to be sold in paper bottles
(unicode)
ဂျော်နီဝေါ့ကားဝီစကီများကို စက္ကူပုလင်းများဖြင့် ပြောင်းလဲရောင်းချမည်
…………………………………………………………..
လန်ဒန်၊ ဇူလိုင် ၁၄
ပြီးခဲ့သည့်နှစ်ပေါင်း ၂၀၀ တွင် စတင်အခြေတည်ခဲ့သည့်ဂျော်နီဝေါ့ကားဝီစကီကို မကြာခင် စက္ကူပုလင်းများဖြင့်တွေ့ရမည်။
လာမည့်နှစ်တွင် သဘာဝပတ်ဝန်းကျင်နှင့် ပနံသင့်သည့် ထုတ်ပိုးမှုများဖြင့် နမူနာစတင်ထုတ်လုပ်တော့မည်ဟု အမှတ်တံဆိပ် ပိုင်ဆိုင်သည့် Diageo ကုမ္ပဏီကထုတ်ပြန်သည်။
ဂျော်နီဝါးကားအများစုကို ဖန်ပုလင်းဖြင့်ရောင်းချချိန်တွင် အမှတ်တံဆိပ်များ၌ ပလတ်စတစ်အသုံးပြုမှုထပ်မံလျှော့ချရန် ကုမ္ပ ဏီက နည်းလမ်းများရှာနေသည်။
ဖန်ပုလင်းများပြုလုပ်ခြင်းသည် စွမ်းအင်ကုန်ပြီး ကာဗွန်ထုတ်လွှတ်မှုများရှိသည်။ ပုလင်းများပြုလုပ်ရန် အလှကုန်များထုတ်လုပ် သည့် Unilever နှင့် ပက်စီအချိုရည်ထုတ်လုပ်သည့် PepsiCo တို့အတွက် ထုတ်ပိုးမှုလုပ်ပေးမည့် Pulpex ဆိုသည့်လုပ်ငန်းကို Diageo ကပူးတွဲတည်ထောင်မည်ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ နွေဦးရာသီတွင်စတင်ရောင်းချမည့်စက္ကူဝီစကီပုလင်းများကို သစ်သားပျော့ဖတ်မှထုတ်လုပ်မည်ဖြစ်ပြီး အပြည့် အဝပြန်လည်သုံးစွဲနိုင်ကြောင်း ကုမ္ပဏီကပြောသည်။
စားသုံသူများအနေနှင့် ပုလင်းများကို ပြန်အသုံးပြုနိုင်သည့်ပစ္စည်းများထည့်ရသည့်အမှိုက်ခြင်းများတွင် ထည့်သွင်းစေလိုရင်းဖြစ် သည်။
အဖျော်ယမကာကုမ္ပဏီများက စက္ကူပုလင်းများထုတ်လုပ်ဖန်တီးပြီး ညစ်ညမ်းမှုလျှော့ချရေးနှင့် ထုတ်ကုန်များပိုမိုရေရှည်တည် တံစေရန် လုပ်နေကြသည်။
Ref : Johnnie Walker whisky to be sold in paper bottles