ငွေတုထွက်ရှိဆိုသော သတင်းမှာ ကောလာဟလသာဖြစ်ပြီး ဘဏ်စနစ်တည်ငြိမ်မှုရှိကြောင်း ဗဟိုဘဏ် ဒု ဥက္ကဌ ပြောကြား

PUBLISHED - March 16, 2022
EPN
မြစ်ကြီးနား၊ မတ် ၁၆
မြန်မာနိုင်ငံတွင် သန်းနှင့် ချီသော ငွေစက္ကူအတု ထွက်ရှိသည်ဆိုသော သတင်းမှာ ကောလာဟလသာဖြစ်ပြီးလက်ရှိတွင် ဘဏ်များအနေဖြင့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာကာ အပ်ငွေက ပိုမိုများ လာကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြည်ပမီဒီယာတစ်ခုတွင် ပြောဆို ထားသည်။
“ဘဏ်စနစ်က ရက်အလိုက် တစ်ရက်ထက်တစ်ရက် ပိုပိုတည်ငြိမ်လာတယ်။ ဒါကြောင့် ကောလာဟလတွေကို မယုံစေချင်ဘူး။ အခု လတ်တလောမှာလည်းငွေစက္ကူအတုထုတ်တဲ့ အဖွဲ့တစ်ဖွဲ့ မိထားလို့ ဗဟိုဘဏ်ဥပဒေ အရ တရားစွဲပြီး ထောင်ချဖို့ လုပ်ထားတာရှိပါတယ်။ အခုမိတာကလည်း ပရင်တာနဲ့ ထုတ်ထားတဲ့ အရည်အ သွေးမရှိတဲ့အတု အဆင့်ပဲရှိပါတယ်။ ငွေစက္ကူအတုကို သန်းနဲ့ချီပြီး အတုထုတ်နိုင်တဲ့အဆင့်လုံးဝမရှိပါဘူး။’’ ဟု ပြောဆိုသည်။
လက်ရှိအသုံးပြုနေသည့် ၅,၀၀၀ ကျပ်တန်နှင့် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူများကို တရားမဝင်ငွေကြေးအဖြစ် လုံးဝသတ်မှတ်မည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြောထားပြီးဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ငွေအတုက အတုမှန်းသိသာပါတယ်။ ပရင်တာနဲ့ ထုတ်တဲ့အဆင့် ဖြစ်လို့ အတုမှန်းအရမ်းသိသာပါတယ်။ ပြည်သူတွေအနေနဲ့ အဓိပ္ပါယ်မရှိတဲ့သတင်းတွေကို အနှောက်အယှက်မဖြစ်စေချင်ဘူး။’’ ဟု xinhua သတင်း ဌာနအား ပြောဆိုထားသည်။
လက်ရှိ ဆိုရှယ်မီဒီယာပေါ်တွင် ငွေအတုရောင်းချသည့် post များပြန့်နှံနေပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရန် ကုန်မြို့ရှိ စက်ရုံတစ်ခုတွင် အလုပ်သမားခေါင်းဆောင်တစ်ဦးက ငွေအတုဖြင့် လစာထုတ်ပေးခဲ့သည့် ဖြစ်စဉ်ဖြစ် ပွားခဲ့သည်။
Source – Xinhua
ပုံ – facebook group များတွင် ပျံနှံ့နေသည့် ငွေအတုရောင်းဝယ်ရေး page များ
(unicode)
……………………………………
EPN
Source – Xinhua