ဆော်ဒီကို S-400 လေကြောင်းကာကွယ်ရေးစနစ်ရောင်းချပေးမည်ဟု ရုရှားကမ်းလှမ်း
PUBLISHED - September 18, 2019
ဆော်ဒီရဲ့ လေကြောင်းကာကွယ်ရေးအတွက် S-400 လေကြောင်းကာကွယ်ရေးစနစ်ကို ရောင်းချပေးပြီး အကူအညီပေးဖို့ ဆန္ဒရှိကြောင်း ရုရှသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။
“ နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရေးအတွက် ကျွန်တော်တို့အနေနဲ့ ဆော်ဒီနဲ့ ဆော်ဒီခေါင်းဆောင်ပိုင်းတွေကို အထောက်အကူပေးဖို့ အဆင်သင့်ရှိပါတယ်” လို့ ပူတင်က အီရန်နဲ့ တူရကီတို့နဲ့ တူရကီမြို့တော် အန်ကာရာမှာ ပြုလုပ်ခဲ့တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဆော်ဒီအနေနဲ့ ရုရှက S-400 လေကြောင်းကာကွယ်ရေးစနစ်ကို ၀ယ်ယူဖို့ဆွေးနွေး မှုတွေရှိခဲ့ပေမယ့် ၀ယ်ယူလိုက်ရင် အမေရိကန်ရဲ့ ဆန်ရှင်ပိတ်ဆို့အရေးယူမှုတွေနဲ့ ငြိစွန်းနိုင်တဲ့ အန္တရာယ်လည်းရှိနေပါတယ်။
ဟူတီသူပုန်တွေနဲ့ ကုလက အသိအမှတ်ပြုထားတဲ့ အစိုးရအဖွဲ့တွေထောက်ခံအားပေးထားတဲ့ ဆော်ဒီညွှန့်ပေါင်းအဖွဲ့ကြား ပြသာနာတွေကိုလည်း ဖြေရှင်းဖို့လိုအပ်တယ်လို့ ယီမင်နိုင်ငံရဲ့ စစ်ဘေးသင့်နေတဲ့ အခြေအနေကို ထောက်ပြပြောဆိုခဲ့ပါတယ်။
Ref; Bloomberg