ဆော်ဒီဘုရင် သက်တော်စောင့်တစ်ဦးကို မိတ်ဆွေဖြစ်သူက သေနတ်နဲ့ပစ်သတ်
PUBLISHED - September 30, 2019
ဆော်ဒီအာရေဗျ ဘုရင့် ကိုယ်ရံတော် အဒူ အက်ဇီ ဘမ်ဟာ စက်တင်ဘာ ၂၈ ရက်နေ့ညမှာ မိတ်ဆွေတစ်ဦးနဲ့ အချင်းများရာက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ဘမ်ဟာ မိတ်ဆွေဖြစ်သူနေအိမ်ရောက်ရှိနေချိန်မှာ အပြန်အလှန်စကားများကြရာက ပစ်သတ်ခံခဲ့ရတာလို့သိရပါတယ်။ ဘမ်ကို ပစ်ခဲ့သူဟာ လက်နက်ချဖို့ ငြင်းဆန်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး သေနတ်ထိမှန်သေဆုံးခဲ့ပါတယ်။
ပစ်ခတ်မှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးနဲ့ နောက်ထပ်အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့လို့သိရပါတယ်။
ဘမ်ဟာ ဆေးရုံရောက်ရှိချိန်မှာ သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။
Ref;CNA