ဆော်ဒီမင်းသား ဘင်ဆော်လ်မန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခံ
PUBLISHED - December 28, 2020
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၆ (People Media)
ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆော်လ်မန်သည် ယမန်နေ့က Pfizer နှင့် BioNTech တို့ ပူးတွဲထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမအလုံး ထိုးနှံခံခဲ့သည်။
ကျန်းမာရေးဝန်ကြီး တော်ဖစ်အယ်ရာဘီယာက ပြည်သူများ၊ နိုင်ငံတွင်းနေထိုင်သူများ ကုသမှုခံယူရေး စာရင်းပေးကြရန် တိုက်တွန်းပြီးနောက် ဆော်ဒီအာရေးဘီးယားနိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံရေးစုရပ်များ တည်ဆောက်ခဲ့ပြီး ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံခံရန် လူ ၅၀၀၀၀ ခန့် စာရင်းပေးခဲ့သည်။
၂၀၂၁ ခုနှစ်မကုန်မီ ပြည်သူ ၇၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်မည်ဟု မျှော် လင့်ပါကြောင်း ဆော်ဒီအာရေဗျ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာလအတွင်း ပြောကြားခဲ့သည်။
ဆော်ဒီအာရေးဘီးယားနိုင်ငံ၌ အတည်ပြု ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၆၁၉၀၃ မှုနှင့် သေဆုံးသူ ၆၁၆၈ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား ဘင်ဆော်လ်မန်က ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံခံသည့် ကမ္ဘာ့ခေါင်း ဆောင်များအနက် တစ်ဦးဖြစ်လာခဲ့သည်။
ဗြိတိန်နိုင်ငံ၌ ကူးစက်မှု မြန်ဆန်သည်ဆိုသော ဗီဇပြောင်း မျိုးကွဲဗိုင်းရပ်စ်တစ်မျိုး တွေ့ရှိပြီးနောက် ဆော်ဒီအာရေးဘီးယားနိုင်ငံက ပြီးခဲ့သည့်အပတ်အတွင်း ကုန်းမြေနှင့် ရေပြင်နယ်စပ်ဂိတ်များ ပိတ်ထားခဲ့သည်။
ကိုးကား – ရိုက်တာ
Ref; Saudi crown prince receives first dose of Covid-19 vaccine
(unicode)
………………………………………..
Ref; Saudi crown prince receives first dose of Covid-19 vaccine