ဆောမြို့နယ်ရှိ PDF စခန်းများကို တပ်မတော်က ရဟတ်ယာဉ်များ အသုံးပြု၍ ရှင်းလင်းနေ

PUBLISHED - November 19, 2021
မကွေး၊ နိုဝင်ဘာ ၁၉ (People Media)
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ရှိ PDF အထိုင်စခန်းများကို တပ်မတော်က ရဟတ်ယာဉ်များ အသုံးပြု၍ ရှင်းလင်းနေကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရသိရပါတယ်။
ယနေ့ နံနက်ပိုင်းက ဆောမြို့နယ် တောင်မကျေးရွာနှင့် ကျင်းလိမ်ကျေးရွာအနီး၌ တိုက်ပွဲများ ဖြစ်ပေါ်နေပြီး တပ်မတော်က ရဟတ်ယာဉ်များနဲ့ တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။
“လေယာဉ်ပေါ်ကနေ ပစ်နေတာ။ လက်နက်ကြီးတွေနဲ့ပစ်တာ မြင်ရတယ်။ ကြားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူ နိုဝင်ဘာ ၁၇ ရက်နေ့က ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်၌ တပ်မတော်နှင့် PDF တို့ တိုက်ပွဲများ ဖြစ် ပေါ်ခဲ့ပြီး PDF အဖွဲ့မှ ၁၄ ဦး သေဆုံးခဲ့သလို ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ယော PDF က ထုတ်ပြန်ထားပါတယ်။
Photo – credit
#PeopleMedia
(unicode)
……………………………………………………..
Photo – credit
#PeopleMedia