• Follow Us on
Latest News

Home ဆောမြို့ရှိ USDP ပါတီရုံး၊ မီးသတ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးများကို ဒေသခံ PDF အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့

ဆောမြို့ရှိ USDP ပါတီရုံး၊ မီးသတ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးများကို ဒေသခံ PDF အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့

Share this post

မကွေး၊ ဖေဖော်ဝါရီ ၄ (People Media)

 

ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ်ခရိုင်၊ ဆောမြို့ရှိ၊ USDP ပါတီရုံး၊ မီးသတ်တပ်ဖွဲ့ရုံးများအပါ အဝင် ဌာနဆိုင်ရာရုံးများကို PDF အဖွဲ့များက တစ်ပြိုင်နက် မီးရှို့ဖျက်ဆီးခဲ့သည်။

 

ဌာနဆိုင်ရာရုံးများဖြစ်သည့် သစ်တောရုံး၊ စည်ပင်ရုံး၊ မီးသတ်ရုံး၊ စိုက်ပျိုးရေးရုံးများအပါအဝင် USDP ပါတီရုံးနှင့် စားသောက်ဆိုင်တို့ ပါဝင်ကြောင်း သိရသည်။

 

“မြို့ပေါ်အခြေအနေ မြင်လို့မကောင်းပါဘူး။ မြို့ပေါ်ဆိုတာ လုံခြုံရေးအရ အမြင့်ဆုံးနေရာပါ။ ဒီလိုနေရာမှာ ဒီလို ဖြစ်တာ တော်တော်ရုပ်ဆိုးလွန်းပါတယ်” လို့ မြို့ခံတစ်ဦးက ပြောဆိုသည်။

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ်ခရိုင်နှင့် ပခုက္ကူခရိုင်သည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် မြို့နယ်များ ဖြစ်ပြီး PDF အဖွဲ့များ၏ လှုပ်ရှားမှုများကို န-မ-ခ စစ်တိုင်းမှူးအပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထိရောက်စွာ တားဆီးနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောဆိုလျက်ရှိနေသည်။

 

#PeopleMedia #ဂန့်ဂေါ #နမခ

 

(unicode)


…………………………………………………………….

 


 


 


 


 


 



Share this post