ဇေယျာသီရိမြို့တွင် ဘုရားမီးပူဇော်ရာမှတစ်ဆင့် မီးလောင်ရာ နေအိမ် (၂၁) လုံး မီးလောင်
PUBLISHED - February 23, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာရှိ နေအိမ်တစ်လုံးမှ ဘုရား မီးပူဇော်ရာမှတစ်ဆင့် မီးလောင်ရာနေအိမ်အလုံး (၂၁) လုံး မီးလောင်ခဲ့ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ၅ နာရီ ၂၀ မိနစ် အချိန်တွင် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် နေအိမ် (၁၉) လုံးမှာ မီးလောင်ပြာကျခဲ့ပြီး နေအိမ် (၂) လုံးမှာတော့ အနည်းငယ် သာကျန်ရှိခဲ့ကြောင်း၊ ထိုနေရာသို့ ဒေသခံလူမှုကူညီရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရပါတယ်။
Photo – Credit
#PeopleMedia
(unicode)
…………………………………..
Photo – Credit
#PeopleMedia