ညောင်ဦးမြို့နယ်၌ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး PDF အဖွဲ့မှ (၃) ဦး သေဆုံးပြီး (၆) ဦး ဖမ်းဆီးခံရမှုဖြစ်ပေါ်
PUBLISHED - November 10, 2021
မကွေး၊ နိုဝင်ဘာ ၁၀ (People Media)
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ယက်စမ်းကျေးရွာအနီး၌ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး PDF အဖွဲ့ဝင် (၃) ဦး သေဆုံးပြီး (၆) ဦး ဖမ်းဆီးခံရမှုဖြစ်ပေါ်ခဲ့ကြောင်း လုံ ခြုံရေးအဖွဲ့ထံမှ သိရပါတယ်။
ဖြစ်စဉ်မှာ ဒေသခံ PDF အဖွဲ့များ အခြေပြု၍ လက်လုပ်မိုင်း၊ လုပ်သေနတ်များ ပြုလုပ်လျက်ရှိတဲ့ ယာတောတဲ ကို လုံခြုံရေးအဖွဲ့များက နိုဝင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းစဉ် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပေါ်ပြီး PDF အဖွဲ့ဝင် ၃ ဦးသေ၊ ၆ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
“လုပ်သေနတ်တွေ မိပါတယ်။ လက်လုပ်ဗုံးတွေ မိပါတယ်။ အသေးစိတ်ကတော့ ကွင်းဆက်အရ ထုတ်ပြောလို့ မရပါဘူး” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ညောင်ဦးမြို့နယ်သည် ပုဂံရှေ့ဟောင်းဇုန် တည်ရှိရာ ဒေသတစ်ခုဖြစ်သလို ခရီးသွားရာသီ၌ ပြည်တွင်းဘုရားဖူး ဧည့်သည်များ လုံခြုံရေး ထိခိုက်မှုမရှိစေရန် လုံခြုံရေးတိုးမြှင့်ချထားကြောင်း သိရပါတယ်။
Photo – ပုံအဟောင်း အသုံးပြုထားသည်။
#PeopleMedia #ညောင်ဦးမြို့ #ပုဂံမြို့
(unicode)
……………………………………………………