ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် လုပ်ကြံခံရ၊ အဆိုပါ လုပ်ကြံမှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ဒေသခံ PDF(MGN Tiger) ထုတ်ပြန်
PUBLISHED - November 2, 2021
ပခုက္ကူ၊ နိုဝင်ဘာ ၂ (People Media)
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းအောင် သည် ယနေ့နံနက် ၇ နာရီ ၂၅ မိနစ်က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြီး အဆိုပါ လက်ချက်သည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဒေသခံ PDF(MGN Tiger) ထုတ်ပြန်ထားပါတယ်။
MGN Tiger နှင့် မဟာမိတ်ဖွဲ့စည်းထားသော BGN-NYU PDF ပူးပေါင်း၍ ဦးလင်းအောင်အား ဦးခေါင်း (၁) ချက်နှင့် ရင်ဘက် (၂) ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ညောင်းဦးမြို့နယ်သည် ပုဂံယဉ်ကျေးမှုဇုန်တည်ရှိရာ မြို့နယ်တစ်ခုဖြစ်ပြီး ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ တည်ရှိနေမှုကြောင့် ပုဂံဒေသသို့ လာမည့် ပြည်တွင်းခရီးသွားများ ပိုမိုလျော့ကျလာနိုင်ပြီး ကျူးလွန်သူများကို လုံခြုံရေးအဖွဲ့များက ထိထိရောက်ရောက် ဆောင်ရွက်သင့်ကြောင်း ဒေသခံအချို့က ပြောပါတယ်။
Photo – credit
#PeopleMedia #ညောင်ဦး
(unicode)
…………………………………………………
ပခုက်ကူ၊ နိုဝငျဘာ ၂ (People Media)
Photo – credit