ေတာင္ကိုရီးယားတပ္မေတာ္က လာမည့္ႏွစ္တြင္ ကာကြယ္ေရးဘတ္ဂ်က္ စံခ်ိန္တင္ တိုးျမႇင့္မည္

PUBLISHED - September 5, 2020
ႏိုင္ငံတကာ၊ စက္တင္ဘာ ၅
လာမည့္ႏွစ္အတြက္ ကာကြယ္ေရးဘတ္ဂ်က္ကို ၅ ရာခိုင္ႏႈန္း တိုးျမႇင့္သြားရန္ ႀကိဳးပမ္းေနၿပီး စုစုေပါင္း အေမရိကန္ေဒၚလာ ၄၄ ဒသမ ၇ ဘီလီယံႏွင့္ညီမွ်သည့္ ကာကြယ္ေရးအသုံးစရိတ္ ဝမ္ ၅၂ ဒသမ ၉ ထရီလီယံ၏ အမ်ားစုကို တပ္ဖြဲ႕ဝင္မ်ား ေလ့က်င့္ေရးႏွင့္ စစ္ဘက္စခန္းမ်ား ျပဳျပင္ထိန္းသိမ္းေရးအတြက္ သုံးစြဲမည္ဟု ေတာင္ ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
“သမား႐ိုးက်နဲ႔ သမား႐ိုးက်မဟုတ္တဲ့ လုံၿခဳံေရးဆိုင္ရာ စိန္ေခၚမႈေတြကို တန္ျပန္ႏိုင္ဖို႔ ေတာင္ကိုရီးယား တပ္မေတာ္ရဲ႕ စြမ္းေဆာင္ရည္ေတြျမႇင့္တင္ရာမွာ ရင္းႏွီးျမဳပ္ႏွံ မႈ ျပဳလုပ္သြားမွာျဖစ္ပါတယ္” ဟု ဝန္ႀကီးဌာနက ဆိုသည္။ ရပ္တန္႔ေနေသာ ႏ်ဴကလီးယားေဆြးေႏြးမႈမ်ားႏွင့္ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါတိုက္ဖ်က္ရန္ ႐ုန္းကန္ ေနရခ်ိန္ ေတာင္ကိုရီးယားႏိုင္ငံက ေျမာက္ကိုရီးယားႏိုင္ငံ၏ ရန္စမႈမ်ားဟန္႔တားေနရစဉ္ ယခုကဲ့သို႔ ကာကြယ္ ေရးဘတ္ဂ်က္ တိုးျမႇင့္ရန္ေၾကညာျခင္းျဖစ္သည္။
ကာကြယ္ေရးဘတ္ဂ်က္၏ ၆၃ ရာခိုင္ႏႈန္းႏွင့္ညီမွ်သည့္ အေမရိကန္ေဒၚလာ ၃၀ ဒသမ ၂ ဘီလီယံကို သုံး စြဲမည္ျဖစ္ၿပီး ေဒၚလာ ၁၇ ဒသမ ၄ ဘီလီယံအား တပ္ဖြဲ႕ဝင္မ်ားေလ့က်င့္ရန္၊ ေဒၚလာ ၁၂ ဒသမ ၈ ဘီလီယံအား ထိန္းသိမ္းမႈမ်ားေဆာင္ရြက္ေရး သုံးစြဲရန္စီစဉ္ထားဟု ဝန္ႀကီးဌာနက ေျပာသည္။
ယခုႏွစ္ ကာကြယ္ေရးဘတ္ ဂ်က္မွာ ဆယ္စုႏွစ္တစ္ခုအတြင္း အမ်ားဆုံးပမာဏျဖစ္ၿပီး တိုင္းျပည္ဂ်ီဒီပီ၏ ၇ ဒသမ ၁ ရာခိုင္ႏႈန္း ရွိလာမည္ျဖစ္ သည္။ တပ္ဖြဲ႕ဝင္မ်ား ေလ့က်င့္မႈေပးရာတြင္ တစ္ကယ့္ပကတိပုံစံ အေဆာက္အအုံ၊ ကိရိယာမ်ားကိုအေျခခံ၍ တပ္ဖြဲ႕ဝင္မ်ား ေခတ္မီနည္းပညာစစ္ပြဲႏွင့္ ေနသားက်ေအာင္ေဆာင္ရြက္ျခင္းႏွင့္ ေခတ္မီ တိုက္ခိုက္ေရးယူနီ ေဖာင္းမ်ားျဖင့္ စစ္ဆင္ေရးမ်ားေဆာင္ရြက္ျခင္းတို႔ ပါဝင္သည္။
စစ္ဘက္အေျခစိုက္စခန္းမ်ားက ထိေတြ႕မႈစည္းမ်ဉ္းသစ္မ်ားႏွင့္အညီ စစ္ဆင္ေရးမ်ားအတြက္ ေနာက္ဆုံး ေပၚနည္းပညာမ်ား အသုံးျပဳရမည္ျဖစ္သည္။ ကပ္ေရာဂါျဖစ္ပြားမႈ ဟန္႔တားသည့္ ႀကိဳးပမ္းမႈမ်ားအျဖစ္ က်န္းမာ ေရးအက်ပ္အတည္းတစ္ခု ျဖစ္ပြားပါက လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက တပ္မေတာ္ကို မဆိုင္းမတြ ကူညီႏိုင္ရန္ အ ကာအကြယ္ဝတ္စုံမ်ား အသုံးခ်ပုံကို သင္ယူရမည္ျဖစ္သည္။ ဇီဝႏွင့္ဓာတုစစ္ပြဲျဖစ္ပြားပါက ကိုင္တြယ္ႏိုင္ရန္ လုံၿခဳံ ေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ကို အထူးတပ္ဖြဲ႕မ်ားအျဖစ္ ဖြဲ႕စည္းမည္ျဖစ္သည္။
တပ္မေတာ္ ေဆးဘက္ဆိုင္ရာအဖြဲ႕အစည္းမ်ားက ျပည့္စုံစြာ ေငြေၾကးေထာက္ပံ့ထားသည့္ ေခတ္မီ နည္း ပညာမ်ားျဖင့္ က်န္းမာေရးအက်ပ္အတည္းတစ္ခုကို အခ်ိန္မီ တုံ႔ျပန္ႏိုင္ရန္ စစ္ေဆး႐ုံမ်ားကို အဆင့္ျမႇင့္တင္မည္ ျဖစ္သည္။
သံသယျဖစ္ဖြယ္ရာ လႈပ္ရွားမႈမ်ားကို ပိုမို ေကာင္းမြန္စြာ ေစာင့္ၾကည့္ႏိုင္ရန္ ေျမာက္ကိုရီးယားႏိုင္ငံႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ နယ္စပ္စခန္းမ်ား၌ ဉာဏ္ရည္တုနည္းပညာမ်ား ထည့္သြင္းသြားမည္ျဖစ္သည္။
မၾကာေသးမီက အျဖစ္အပ်က္ႏွစ္ခုက ေတာင္ကိုရီးယားတပ္မေတာ္ကို အရွက္ရေစခဲ့ၿပီး ေမလအတြင္း တ႐ုတ္ႏိုင္ငံသားပါဝင္သည့္ အဖြဲ႕တစ္ဖြဲ႕က ပင္လယ္ျပင္လမ္းေၾကာင္းမွတစ္ဆင့္ ေတာင္ကိုရီးယားႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ခဲ့သလို ဇူလိုင္လအတြင္း ဘက္ေျပာင္းခိုလႈံသူတစ္ဦးက ေျမာက္ကိုရီးယားႏိုင္ငံဘက္သို႔ ျပန္သြားခဲ့သည္ ကို သတိမထားခဲ့မိေပ။
ကာကြယ္ေရးဘတ္ဂ်က္အနက္ အေမရိကန္ေဒၚလာ ၁၄ ဒသမ ၅ ဘီလီယံကို စစ္လက္ နက္မ်ားဝယ္ယူရန္ႏွင့္ ကာကြယ္ေရးစြမ္းပကားမ်ား အဆင့္ျမႇင့္တင္သည့္ စီမံကိန္းမ်ားအတြက္ သုံးစြဲရန္လ်ာထား ၿပီး ယခုႏွစ္ ကာကြယ္ေရးအသုံးစရိတ္ထက္ ၂ ဒသမ ၄ ရာခိုင္ႏႈန္း ပိုမိုမ်ားျပားမည္ျဖစ္သည္။
၂၀၂၆ ခုႏွစ္မတိုင္မီ ျပည္တြင္းျဖစ္ တိုက္ေလယာဉ္မ်ားထုတ္လုပ္မည့္ KF-X စီမံကိန္းႏွင့္ ေက-၂ တိုက္ပြဲ ဝင္တင့္ကားမ်ား ထုတ္လုပ္မႈ ပါဝင္ေသာ အျခားစီမံကိန္းအတြက္ အေမရိကန္ေဒၚလာ ၅ ဒသမ ၄ ဘီလီယံ သုံးစြဲ သြားရန္ သတ္မွတ္ထားသည္။
ႏ်ဴကလီးယားလက္နက္ပိုင္ဆိုင္ေသာ ေျမာက္ကိုရီးယားႏိုင္ငံ၏ ရန္စတိုက္ခိုက္မႈ မ်ားကို ေစာင့္ၾကည့္မႈႏွင့္အတူ ႏ်ဴကလီးယားလက္နက္မ်ား၊ အဖ်က္စြမ္းအားႀကီးမားေသာလက္နက္မ်ားကို တန္ ျပန္မည့္ မရွိမျဖစ္လိုအပ္ေသာ လက္နက္ႀကီးမ်ား၊ ပိုမိုေကာင္းမြန္ေသာ ကင္းေထာက္လွမ္းမႈတို႔ လုပ္ေဆာင္ႏိုင္ရန္ အေမရိကန္ေဒၚလာ ၁ ဒသမ ၅ ဘီလီယံ သုံးစြဲမည္ျဖစ္သည္။
၂၀၂၂ ခုႏွစ္မေရာက္မီ အေမရိကန္ႏိုင္ငံထံမွ ပင္လယ္ေရေၾကာင္း စစ္ဆင္ေရးဆိုင္ရာ ထိန္းခ်ဳပ္မႈ လႊဲ ေျပာင္းရယူေရး ႀကိဳတင္ျပင္ဆင္ရန္ အေမရိကန္ေဒၚလာ ၁ ဒသမ ၈ ဘီလီယံ သတ္မွတ္ထားေၾကာင္း ဝန္ႀကီးဌာန က ေျပာၾကားခဲ့သည္။
ေတာင္ကိုရီးယားႏိုင္ငံ၌ အေမရိကန္တပ္ဖြဲ႕ဝင္ ၂၈၅၀၀ ဦး လက္ခံထားရွိၿပီး ထိုတပ္ဖြဲ႕၏ တပ္မွဴးျဖစ္သူက ၁၉၇၈ ခုႏွစ္တြင္ တည္ေထာင္ခဲ့ေသာ မဟာမိတ္ႏွစ္ႏိုင္ငံၾကား ပူးတြဲတပ္ဖြဲ႕မ်ား ကြပ္ကဲမႈဌာန ခ်ဳပ္ကို ဦးေဆာင္ရသည္။ က်န္ရွိေသာ ကာကြယ္ေရးဘတ္ဂ်က္ပမာဏကို ဆိုက္ဘာႏွင့္ အာကာသစစ္ပြဲအပါအဝင္ အေရးပါေသာ စစ္ဘက္ဆိုင္ရာနည္းပညာမ်ား တီထြင္မည့္ႀကိဳးပမ္းမႈမ်ား လုပ္ေဆာင္မည္ျဖစ္သည္။
ပိုမို ေခတ္မီေသာ စစ္လက္နက္မ်ား ျပည္ပသို႔တင္ပို႔ႏိုင္ေရး ျပည္တြင္းကာကြယ္ေရးပစၥည္း ထုတ္လုပ္ ေရးကုမၸဏီမ်ားသို႔ ေငြေၾကးပံ့ပိုးေရးအတြက္လည္း သုံးစြဲမည္ျဖစ္သည္။ အဆိုျပဳထားေသာ ကာကြယ္ေရးဘတ္ ဂ်က္ကို ေတာင္ကိုရီးယားလႊတ္ေတာ္ထံမွ သုံးသပ္မႈမ်ားျပဳလုပ္၍ အတည္ျပဳမႈရယူရန္ တင္ျပထားသည္။ ေတာင္ ကိုရီးယားလႊတ္ေတာ္က အဆိုျပဳထားေသာ ကာကြယ္ေရးဘတ္ဂ်က္ကို မျဖတ္ေတာက္ပဲ အတည္ျပဳပါက ႏွစ္ႏွစ္ ဆက္တိုက္ ဝမ္ ၅၀ ထရီလီယံေက်ာ္ သုံးစြဲသည့္ ဒုတိယအႀကိမ္ ျဖစ္လာမည္ျဖစ္သည္။
ကာကြယ္ေရးဘတ္ဂ်က္မ်ား တိုးျမႇင့္သုံးစြဲေနသည့္ ေဒသတြင္းအင္အားႀကီး တ႐ုတ္ႏွင့္ ဂ်ပန္တို႔အျပင္ ႏ်ဴ ကလီးယားလက္နက္ပိုင္ဆိုင္ေသာ ေျမာက္ကိုရီးယားႏိုင္ငံ၏ ၿခိမ္းေျခာက္မႈမ်ားကိုတန္ျပန္ႏိုင္ရန္ ေတာင္ကိုရီး ယားတပ္မေတာ္ကို အင္အားတိုးခ်ဲ႕တည္ေဆာက္ေနသလို ကာကြယ္ေရးဘတ္ဂ်က္ကိုလည္း ႏွစ္စဉ္ တိုးျမႇင့္သုံးစြဲ လ်က္ရွိသည္။
ကိုးကား – The Korea Herald
Ref; S. Korea seeks biggest defense budget at W53tr
(unicode)
တောင်ကိုရီးယားတပ်မတော်က လာမည့်နှစ်တွင် ကာကွယ်ရေးဘတ်ဂျက် စံချိန်တင် တိုးမြှင့်မည်
………………………………………………………
နိုင်ငံတကာ၊ စက်တင်ဘာ ၅
လာမည့်နှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်ကို ၅ ရာခိုင်နှုန်း တိုးမြှင့်သွားရန် ကြိုးပမ်းနေပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၇ ဘီလီယံနှင့်ညီမျှသည့် ကာကွယ်ရေးအသုံးစရိတ် ဝမ် ၅၂ ဒသမ ၉ ထရီလီယံ၏ အများစုကို တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးနှင့် စစ်ဘက်စခန်းများ ပြုပြင်ထိန်းသိမ်းရေးအတွက် သုံးစွဲမည်ဟု တောင် ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
“သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို တန်ပြန်နိုင်ဖို့ တောင်ကိုရီးယား တပ်မတော်ရဲ့ စွမ်းဆောင်ရည်တွေမြှင့်တင်ရာမှာ ရင်းနှီးမြုပ်နှံ မှု ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနက ဆိုသည်။ ရပ်တန့်နေသော နျူကလီးယားဆွေးနွေးမှုများနှင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရန် ရုန်းကန် နေရချိန် တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံ၏ ရန်စမှုများဟန့်တားနေရစဉ် ယခုကဲ့သို့ ကာကွယ် ရေးဘတ်ဂျက် တိုးမြှင့်ရန်ကြေညာခြင်းဖြစ်သည်။
ကာကွယ်ရေးဘတ်ဂျက်၏ ၆၃ ရာခိုင်နှုန်းနှင့်ညီမျှသည့် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၂ ဘီလီယံကို သုံး စွဲမည်ဖြစ်ပြီး ဒေါ်လာ ၁၇ ဒသမ ၄ ဘီလီယံအား တပ်ဖွဲ့ဝင်များလေ့ကျင့်ရန်၊ ဒေါ်လာ ၁၂ ဒသမ ၈ ဘီလီယံအား ထိန်းသိမ်းမှုများဆောင်ရွက်ရေး သုံးစွဲရန်စီစဉ်ထားဟု ဝန်ကြီးဌာနက ပြောသည်။
ယခုနှစ် ကာကွယ်ရေးဘတ် ဂျက်မှာ ဆယ်စုနှစ်တစ်ခုအတွင်း အများဆုံးပမာဏဖြစ်ပြီး တိုင်းပြည်ဂျီဒီပီ၏ ၇ ဒသမ ၁ ရာခိုင်နှုန်း ရှိလာမည်ဖြစ် သည်။ တပ်ဖွဲ့ဝင်များ လေ့ကျင့်မှုပေးရာတွင် တစ်ကယ့်ပကတိပုံစံ အဆောက်အအုံ၊ ကိရိယာများကိုအခြေခံ၍ တပ်ဖွဲ့ဝင်များ ခေတ်မီနည်းပညာစစ်ပွဲနှင့် နေသားကျအောင်ဆောင်ရွက်ခြင်းနှင့် ခေတ်မီ တိုက်ခိုက်ရေးယူနီ ဖောင်းများဖြင့် စစ်ဆင်ရေးများဆောင်ရွက်ခြင်းတို့ ပါဝင်သည်။
စစ်ဘက်အခြေစိုက်စခန်းများက ထိတွေ့မှုစည်းမျဉ်းသစ်များနှင့်အညီ စစ်ဆင်ရေးများအတွက် နောက်ဆုံး ပေါ်နည်းပညာများ အသုံးပြုရမည်ဖြစ်သည်။ ကပ်ရောဂါဖြစ်ပွားမှု ဟန့်တားသည့် ကြိုးပမ်းမှုများအဖြစ် ကျန်းမာ ရေးအကျပ်အတည်းတစ်ခု ဖြစ်ပွားပါက လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်မတော်ကို မဆိုင်းမတွ ကူညီနိုင်ရန် အ ကာအကွယ်ဝတ်စုံများ အသုံးချပုံကို သင်ယူရမည်ဖြစ်သည်။ ဇီဝနှင့်ဓာတုစစ်ပွဲဖြစ်ပွားပါက ကိုင်တွယ်နိုင်ရန် လုံခြုံ ရေးတပ်ဖွဲ့ဝင်အချို့ကို အထူးတပ်ဖွဲ့များအဖြစ် ဖွဲ့စည်းမည်ဖြစ်သည်။
တပ်မတော် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများက ပြည့်စုံစွာ ငွေကြေးထောက်ပံ့ထားသည့် ခေတ်မီ နည်း ပညာများဖြင့် ကျန်းမာရေးအကျပ်အတည်းတစ်ခုကို အချိန်မီ တုံ့ပြန်နိုင်ရန် စစ်ဆေးရုံများကို အဆင့်မြှင့်တင်မည် ဖြစ်သည်။
သံသယဖြစ်ဖွယ်ရာ လှုပ်ရှားမှုများကို ပိုမို ကောင်းမွန်စွာ စောင့်ကြည့်နိုင်ရန် မြောက်ကိုရီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နယ်စပ်စခန်းများ၌ ဉာဏ်ရည်တုနည်းပညာများ ထည့်သွင်းသွားမည်ဖြစ်သည်။
မကြာသေးမီက အဖြစ်အပျက်နှစ်ခုက တောင်ကိုရီးယားတပ်မတော်ကို အရှက်ရစေခဲ့ပြီး မေလအတွင်း တရုတ်နိုင်ငံသားပါဝင်သည့် အဖွဲ့တစ်ဖွဲ့က ပင်လယ်ပြင်လမ်းကြောင်းမှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သလို ဇူလိုင်လအတွင်း ဘက်ပြောင်းခိုလှုံသူတစ်ဦးက မြောက်ကိုရီးယားနိုင်ငံဘက်သို့ ပြန်သွားခဲ့သည် ကို သတိမထားခဲ့မိပေ။
ကာကွယ်ရေးဘတ်ဂျက်အနက် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅ ဘီလီယံကို စစ်လက် နက်များဝယ်ယူရန်နှင့် ကာကွယ်ရေးစွမ်းပကားများ အဆင့်မြှင့်တင်သည့် စီမံကိန်းများအတွက် သုံးစွဲရန်လျာထား ပြီး ယခုနှစ် ကာကွယ်ရေးအသုံးစရိတ်ထက် ၂ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုများပြားမည်ဖြစ်သည်။
၂၀၂၆ ခုနှစ်မတိုင်မီ ပြည်တွင်းဖြစ် တိုက်လေယာဉ်များထုတ်လုပ်မည့် KF-X စီမံကိန်းနှင့် ကေ-၂ တိုက်ပွဲ ဝင်တင့်ကားများ ထုတ်လုပ်မှု ပါဝင်သော အခြားစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ သုံးစွဲ သွားရန် သတ်မှတ်ထားသည်။
နျူကလီးယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားနိုင်ငံ၏ ရန်စတိုက်ခိုက်မှု များကို စောင့်ကြည့်မှုနှင့်အတူ နျူကလီးယားလက်နက်များ၊ အဖျက်စွမ်းအားကြီးမားသောလက်နက်များကို တန် ပြန်မည့် မရှိမဖြစ်လိုအပ်သော လက်နက်ကြီးများ၊ ပိုမိုကောင်းမွန်သော ကင်းထောက်လှမ်းမှုတို့ လုပ်ဆောင်နိုင်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ သုံးစွဲမည်ဖြစ်သည်။
၂၀၂၂ ခုနှစ်မရောက်မီ အမေရိကန်နိုင်ငံထံမှ ပင်လယ်ရေကြောင်း စစ်ဆင်ရေးဆိုင်ရာ ထိန်းချုပ်မှု လွှဲ ပြောင်းရယူရေး ကြိုတင်ပြင်ဆင်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ သတ်မှတ်ထားကြောင်း ဝန်ကြီးဌာန က ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင် ၂၈၅၀၀ ဦး လက်ခံထားရှိပြီး ထိုတပ်ဖွဲ့၏ တပ်မှူးဖြစ်သူက ၁၉၇၈ ခုနှစ်တွင် တည်ထောင်ခဲ့သော မဟာမိတ်နှစ်နိုင်ငံကြား ပူးတွဲတပ်ဖွဲ့များ ကွပ်ကဲမှုဌာန ချုပ်ကို ဦးဆောင်ရသည်။ ကျန်ရှိသော ကာကွယ်ရေးဘတ်ဂျက်ပမာဏကို ဆိုက်ဘာနှင့် အာကာသစစ်ပွဲအပါအဝင် အရေးပါသော စစ်ဘက်ဆိုင်ရာနည်းပညာများ တီထွင်မည့်ကြိုးပမ်းမှုများ လုပ်ဆောင်မည်ဖြစ်သည်။
ပိုမို ခေတ်မီသော စစ်လက်နက်များ ပြည်ပသို့တင်ပို့နိုင်ရေး ပြည်တွင်းကာကွယ်ရေးပစ္စည်း ထုတ်လုပ် ရေးကုမ္ပဏီများသို့ ငွေကြေးပံ့ပိုးရေးအတွက်လည်း သုံးစွဲမည်ဖြစ်သည်။ အဆိုပြုထားသော ကာကွယ်ရေးဘတ် ဂျက်ကို တောင်ကိုရီးယားလွှတ်တော်ထံမှ သုံးသပ်မှုများပြုလုပ်၍ အတည်ပြုမှုရယူရန် တင်ပြထားသည်။ တောင် ကိုရီးယားလွှတ်တော်က အဆိုပြုထားသော ကာကွယ်ရေးဘတ်ဂျက်ကို မဖြတ်တောက်ပဲ အတည်ပြုပါက နှစ်နှစ် ဆက်တိုက် ဝမ် ၅၀ ထရီလီယံကျော် သုံးစွဲသည့် ဒုတိယအကြိမ် ဖြစ်လာမည်ဖြစ်သည်။
ကာကွယ်ရေးဘတ်ဂျက်များ တိုးမြှင့်သုံးစွဲနေသည့် ဒေသတွင်းအင်အားကြီး တရုတ်နှင့် ဂျပန်တို့အပြင် နျူ ကလီးယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှုများကိုတန်ပြန်နိုင်ရန် တောင်ကိုရီး ယားတပ်မတော်ကို အင်အားတိုးချဲ့တည်ဆောက်နေသလို ကာကွယ်ရေးဘတ်ဂျက်ကိုလည်း နှစ်စဉ် တိုးမြှင့်သုံးစွဲ လျက်ရှိသည်။
ကိုးကား – The Korea Herald
Ref; S. Korea seeks biggest defense budget at W53tr