PUBLISHED - November 13, 2019
Ref;ABC News
(Unicode)
တောင်ကိုရီးယားတွင် သံချပ်ကာယာဉ်တိမ်းမှောက်၍ အမေရိကန်စစ်သားတစ်ဦးသေဆုံး
…………………………………………………………
တောင်ကိုရီးယားနိုင်ငံမှာ သံချပ်ကာယာဉ်တိမ်းမှောက်မှုကြောင့် အမေရိကန်ကန်စစ်သား ၁ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အခုမတော်တဆမှုဟာ နိုဝင်ဘာ ၆ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိနေ ပါတယ်။
သေဆုံးခဲ့တဲ့ အမေရိကန်စစ်သားဟာ အသက် ၂၀ အရွယ် ပန်နီပင်တိုဆိုသူဖြစ်တယ်လို့ အတည်ပြုထားပါ တယ်။
တိမ်းမှောက်ခဲ့တဲ့ သံချပ်ကာယာဉ်ကတော့ Bradley Fighting Vehicle (BFVS) ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကလည်း ဂျော်ဂျီယာ စစ်ရေးလေ့ကျင့်မှုအစီအစဉ်တစ်ခုမှာ Bradley Fighting Vehicle ယာဉ် ရေထဲထိုးကျခဲ့လို့ အမေရိကန်စစ်သား ၃ ဦးသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
Ref;ABC News
#PeopleMedia #International