တောင်ကိုရီးယားထုတ် နှစ်ယောက်စီး KF-21 ဂျက်တိုက်လေယာဉ် အောင်မြင်စွာစမ်းသပ်ပျံသန်း

PUBLISHED - February 23, 2023
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃
တောင်ကိုရီးယားနိုင်ငံက ၎င်းတို့နိုင်ငံထုတ် လေးစင်းမြောက် လေသူရဲနှစ်ယောက်စီး KF-21 Boramae ဂျက် တိုက်လေယာဉ် ပထမဦးဆုံးအကြိမ် လေ့ကျင့်ပျံသန်းမှုကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြုလုပ် ခဲ့ပါတယ်။
လေ့ကျင့်ပျံသန်းမှုကို တောင်ကိုရီးယားလေတပ် အမှတ် ၅၂ လေယာဉ်အုပ်က ကြီးကြပ်ကွပ်ကဲခဲ့တာဖြစ်ပြီး စီချွန်လေဆိပ်မှာအခြေစိုက်ထားတဲ့ ကိုရီးယားသမ္မတနိုင်ငံလေတပ်ရဲ့ အမှတ် ၃ ပျံ သန်းမှုလေ့ကျင့်ရေးလေ တပ်စခန်းက လေသူရဲတစ်ဦးက အဲဒီ KF-21 ဂျက်တိုက်လေယာဉ်ကို ၃၄ မိနစ်ကြာ မောင်းနှင်ပျံသန်းခဲ့တာဖြစ် ပါတယ်။
ဒီဂျက်တိုက်လေယာဉ်ရှေ့က ပျံသန်းလေ့ကျင့်ခဲ့ကြတဲ့ KF-21 ဂျက်တိုက်လေယာဉ် ၃ စင်းစလုံးဟာ လေသူရဲ တစ်ယောက်စီးတိုက်လေယာဉ်တွေဖြစ်ပေမဲ့ အခုလေးစင်းမြောက်နဲ့ လာမယ့်ငါးစင်းမြောက် KF-21 ဂျက်တိုက် လေယာဉ်တွေကတော့ လေသူရဲနှစ်ယောက်စီးဂျက်တိုက်လေယာဉ်တွေဖြစ်ပါတယ်။
တစ်ယောက်စီးဂျက်တိုက်လေယာဉ်ရဲ့ကွာခြားမှုကနေ ထွက် ပေါ်လာတဲ့အကျိုးသက်ရောက်မှု၊ Active Electronically Scanned Phased Array ရေဒါစနစ်နဲ့ ပံျသန်းမှု အ ရည်အသွေးတွေကို ဆန်းစစ်လေ့လာအကဲ ဖြတ်ဖို့အတွက် ဒီနှစ်ယောက်စီး KF-21 ဂျက်တိုက်လေယာဉ်ကို စမ်းသပ်ပျံသန်းခဲ့တာလို့ စစ်လက်နက်ပစ္စည်း ဝယ်ယူရေးစီမံချက်ရုံး (Defense Acquisition Program Administration- DAPA) က ပြောပါတယ်။
ဒီဂျက်တိုက်လေယာဉ်ဟာ 4.5 မျိုးဆက်လေယာဉ်အုပ်စုထဲက စတုတ္ထမြောက်ပျံသန်းလေ့ကျင့်တဲ့လေယာဉ်ဖြစ် ပေမဲ့ လေသူရဲနှစ်ယောက်စီးဂျက်တိုက်လေယာဉ်မှာတော့ ပထမဦးဆုံးအကြိမ်ပျံသန်းလေ့ကျင့်တဲ့လေယာဉ်ဖြစ် ပါတယ်။
ဒီလေယာဉ်တွေကို လေ့ကျင့်သင်ကြားရေးမှာ အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။
KF-21 Boramae ဂျက် တိုက်လေယာဉ်ဟာ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ ပူးတွဲဒီဇိုင်းရေးဆွဲထားပြီး ကာလရှည်ဆောင်ရွက်နေတဲ့ KF-X ဂျက်တိုက်လေယာဉ် ထုတ်လုပ်ရေးကနေ ထွက်ပေါ်လာတဲ့ရလဒ်ဖြစ်တယ် လို့ ဆိုပါတယ်။
KF-21 ဂျက်တိုက်လေယာဉ်မှာ GE Aviation ကုမ္ပဏီကထုတ်လုပ်တဲ့ F414 အင်ဂျင်နှစ်လုံးတပ်ဆင်ထားပြီး အဲဒီအင်ဂျင်တွေဟာ F/A-18E/F Super Hornet ဂျက်တိုက်လေယာဉ်တွေနဲ့ Saab JAS 39E/F Gripen ဂျက် တိုက်လေယာဉ်တွေမှာ တပ်ဆင်ထားတဲ့ အင်ဂျင်တွေနဲ့ အမျိုးအစားအတူတူပဲလို့ သိရပါတယ်။
ပထမဦးဆုံးလေယာဉ်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က စမ်းသပ်ပျံသန်းခဲ့တာဖြစ်ပါတယ်။ ဒီဂျက်တိုက် လေယာဉ်ကို ၆ စင်းအထိ စမ်းသပ်ပျံသန်းသွားမှာဖြစ်ပြီး အခုအချိန်အထိ ၄ စင်းပျံသန်းပြီးဖြစ်ပါတယ်။
လာမယ့် ၂ စင်းကို ၂၀၂၃ ခုနှစ် နှစ်လယ်လောက်မှာ စမ်းသပ်ပျံသန်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။ KF-21 ဂျက်တိုက်လေယာဉ်တွေကို ၂၀၂၆ ခုနှစ်လောက်မှာ အများအပြားစတင်ထုတ်လုပ်သွားနိုင်တယ်လို့ ခန့် မှန်းထားကြပါတယ်။
တောင်ကိုရီးယားလေတပ်ကတော့ ၎င်းတို့လေတပ်က F-4E နဲ့ F-5E တို့လို သက်တမ်းရင့် ဂျက်တိုက်လေယာဉ် တွေကို အစားထိုးဖို့အတွက် ၂၀၃၂ ခုနှစ်လောက်မှာ KF-21 ဂျက်တိုက်လေယာဉ် အစင်း ၁၂၀ အထိ လက်ခံရ ရှိသွားဖို့ မျှော်လင့်ထားပါတယ်။
Ref: Two-seat prototype of South Korea’s KF-21 fighter jet conducts maiden flight
#PeopleMedia
(unicode)
…………………………………………
Ref: Two-seat prototype of South Korea’s KF-21 fighter jet conducts maiden flight
#PeopleMedia