ေတာင္ကိုရီးယားဒုတိယႏိုင္ငံျခားေရး၀န္ႀကီး ယခုတပတ္တြင္ ျမန္မာႏိုင္ငံသို႔လာေရာက္မည္

PUBLISHED - November 24, 2020
ဆိုးလ္၊ ႏို၀င္ဘာ ၂၃
ေတာင္ကိုရီးယားႏိုင္ငံျခားေရးဒုတိယ၀န္ႀကီး ကင္ ဂန္းက ယခုတပတ္တြင္ ျမန္မာႏိုင္ငံသို႔လာေရာက္ၿပီး ကို႐ိုနာဗိုင္း ရပ္စ္တိုက္ဖ်က္ရန္ႏွင့္ အျခားက႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ေရးေဆြးေႏြးရန္႐ွိေနသည္ဟု ေတာင္ကိုရီး ယားႏိုင္ငံျခားေရး၀န္ႀကီးဌာနက တနလၤာေန႔တြင္ထုတ္ျပန္သည္။
အဂၤါေန႔မွေသာၾကာေန႔အထိ ျမန္မာႏိုင္ငံသို႔လာေရာက္မည္ျဖစ္ၿပီး ႏွစ္ႏိုင္ငံသံတမန္ဆက္ဆံေရး ၄၅ ႏွစ္ျပည့္မည့္ယခုႏွစ္တြင္ လက္ေတြ႕က်က်ပူးေပါင္းေဆာင္႐ြက္မႈမ်ားပိုမိုနက္႐ွိဳင္းလာေရးအတြက္ ႏိုင္ငံျခားေရး၀န္ႀကီးဌာနမွအဆင့္တူအရာ႐ွိႀကီး ဦးခ်မ္းေအးႏွင့္ မူဝါဒေရးရာေဆြးေႏြးမည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။
ၿမိဳ႕ေတာ္ေနျပည္ေတာ္ႏွင့္ ရန္ကုန္ၿမိဳ႕တို႔တြင္ အရာ႐ွိႀကီးမ်ားႏွင့္ေတြ႕ဆံုမည္သာမက ႏိုင္ငံတြင္းစီးပြားေရးလုပ္ေနၾကသည့္ ေတာင္ကိုရီးယားလုပ္ငန္း႐ွင္မ်ားႏွင့္လည္း ေတြ႕ဆံုရန္ စီစဥ္ထားသည္။
ႏို၀င္ဘာ ၁၂ ရက္က အာဆီယံထိပ္သီးအစည္းအေ၀းတြင္ သမၼတ မြန္းေဂ်အင္းေၾကညာခဲ့ေသာ ေတာင္ကိုရီယားႏိုင္ငံ၏ ေတာင္ဘက္ေမွ်ာ္မူဝါဒသစ္ကိုႁမွင့္တင္ရန္ ယခုခရီးစဥ္ကို ကင္က အသံုးျပဳမည္ဟုေမွ်ာ္လင့္ရသည္။
ထိုႏိုင္ငံျခားေရးမူဝါဒသည္ အာဆီယံ၊ အိႏၵိယတို႔ႏွင့္ သံတမန္၊ စီးပြားေရးဆိုင္ရာဆက္ဆံေရးမ်ားႁမွင့္တင္ရန္ ရည္႐ြယ္ထားသည္။
Ref : Deputy FM Kim to visit Myanmar this week to discuss bilateral cooperation
#PeopleMedia
(unicode)
တောင်ကိုရီးယားဒုတိယနိုင်ငံခြားရေးဝန်ကြီး ယခုတပတ်တွင် မြန်မာနိုင်ငံသို့လာရောက်မည်
………………………………………………
ဆိုးလ်၊ နိုဝင်ဘာ ၂၃
တောင်ကိုရီးယားနိုင်ငံခြားရေးဒုတိယဝန်ကြီး ကင် ဂန်းက ယခုတပတ်တွင် မြန်မာနိုင်ငံသို့လာရောက်ပြီး ကိုရိုနာဗိုင်း ရပ်စ်တိုက်ဖျက်ရန်နှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးရန်ရှိနေသည်ဟု တောင်ကိုရီး ယားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင်ထုတ်ပြန်သည်။
အင်္ဂါနေ့မှသောကြာနေ့အထိ မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်မည့်ယခုနှစ်တွင် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုများပိုမိုနက်ရှိုင်းလာရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှအဆင့်တူအရာရှိကြီး ဦးချမ်းအေးနှင့် မူဝါဒရေးရာဆွေးနွေးမည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
မြို့တော်နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အရာရှိကြီးများနှင့်တွေ့ဆုံမည်သာမက နိုင်ငံတွင်းစီးပွားရေးလုပ်နေကြသည့် တောင်ကိုရီးယားလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။
နိုဝင်ဘာ ၁၂ ရက်က အာဆီယံထိပ်သီးအစည်းအဝေးတွင် သမ္မတ မွန်းဂျေအင်းကြေညာခဲ့သော တောင်ကိုရီယားနိုင်ငံ၏ တောင်ဘက်မျှော်မူဝါဒသစ်ကိုမြှင့်တင်ရန် ယခုခရီးစဉ်ကို ကင်က အသုံးပြုမည်ဟုမျှော်လင့်ရသည်။
ထိုနိုင်ငံခြားရေးမူဝါဒသည် အာဆီယံ၊ အိန္ဒိယတို့နှင့် သံတမန်၊ စီးပွားရေးဆိုင်ရာဆက်ဆံရေးများမြှင့်တင်ရန် ရည်ရွယ်ထားသည်။
Ref : Deputy FM Kim to visit Myanmar this week to discuss bilateral cooperation
#PeopleMedia