ေတာင္ကိုရီးယားမွ အထပ္ျမင့္တိုက္မီးေလာင္မႈေၾကာင့္ လူ ၈၀ ေက်ာ္ကို ေဆး႐ံုပို႔ထား
PUBLISHED - October 9, 2020
ဆိုးလ္၊ ေအာက္တိုဘာ ၉
ေတာင္ကိုရီးယားႏိုင္ငံမွ မီးသတ္သမားမ်ားက ေတာင္ကိုရီးယားႏုိင္ငံေတာင္ပိုင္း အူဆန္ၿမိဳ႕မွ ၃၃ ထပ္တာ၀ါ မီးေလာင္မႈကို အျပည့္အ၀ၿငိွမ္းသတ္ႏိုင္ရန္ ႀကိဳးပမ္းေနၾကသည္။
လူရာခ်ီကို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းေပးခဲ့ၿပီး မီးခိုးေငြ႔႐ွဴမိသည့္လူ ၈၀ ေက်ာ္ကို ေဆး႐ံုပုိ႔ထားသည္။
ေဒသစံေတာ္ခ်ိန္ ၾကာသပေတးေန႔ည ၁၁ နာရီခန္႔တြင္ စတင္မီးေလာင္ခဲ့ၿပီး ေလျပင္းေနမႈေၾကာင့္ မီးပ်ံ႕ပိုလြယ္ခဲ့သည္။
ေသာၾကာေန႔မနက္ပိုင္းအထိ မီးအျပည့္အ၀မထိန္းႏိုင္ေသးေခ်။
ေစ်းဆိုင္မ်ားႏွင့္ မိသားစု ၁၂၀ ခန္႔ေနထိုင္ေသာ ဆမ္ဟြမ္အာ့တ္ႏိုဗူးတာ၀ါ၏ ၈ လႊာႏွင့္ ၁၂ လႊာတို႔တြင္ စတင္မီးေလာင္ခဲ့သည္။
မီးေလာင္ရသည့္အေၾကာင္းရင္းကို အာဏာပိုင္မ်ားက အတည္မျပဳေသးေခ်။
Ref : Fire ‘continues to burn’ at South Korea tower block
#Peoplemedia
(Unicode)
တောင်ကိုရီးယားမှ အထပ်မြင့်တိုက်မီးလောင်မှုကြောင့် လူ ၈၀ ကျော်ကို ဆေးရုံပို့ထား
……………………………………
ဆိုးလ်၊ အောက်တိုဘာ ၉
တောင်ကိုရီးယားနိုင်ငံမှ မီးသတ်သမားများက တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း အူဆန်မြို့မှ ၃၃ ထပ်တာဝါ မီးလောင်မှုကို အပြည့်အဝငြိှမ်းသတ်နိုင်ရန် ကြိုးပမ်းနေကြသည်။
လူရာချီကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပြီး မီးခိုးငွေ့ရှူမိသည့်လူ ၈၀ ကျော်ကို ဆေးရုံပို့ထားသည်။
ဒေသစံတော်ချိန် ကြာသပတေးနေ့ည ၁၁ နာရီခန့်တွင် စတင်မီးလောင်ခဲ့ပြီး လေပြင်းနေမှုကြောင့် မီးပျံ့ပိုလွယ်ခဲ့သည်။
သောကြာနေ့မနက်ပိုင်းအထိ မီးအပြည့်အဝမထိန်းနိုင်သေးချေ။
စျေးဆိုင်များနှင့် မိသားစု ၁၂၀ ခန့်နေထိုင်သော ဆမ်ဟွမ်အာ့တ်နိုဗူးတာဝါ၏ ၈ လွှာနှင့် ၁၂ လွှာတို့တွင် စတင်မီးလောင်ခဲ့သည်။
မီးလောင်ရသည့်အကြောင်းရင်းကို အာဏာပိုင်များက အတည်မပြုသေးချေ။
Ref : Fire ‘continues to burn’ at South Korea tower block
#Peoplemedia