တောင်ကိုရီးယားသိမ်းထားသည့် ရန်ပုံငွေများပြန်ပေးရန် အီရန်တောင်းဆို
PUBLISHED - January 11, 2021
ဒူဘိုင်း၊ ဇန်နဝါရီ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ပင်လယ်ကွေ့တွင် တောင်ကိုရီးယားရေနံတင်သင်္ဘောကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က သိမ်းယူ ထားသည့်အပေါ် နိုင်ငံရေးအသွင်မပြောင်းသင့်ကြောင်းနှင့် အမေရိကန်ပိတ်ဆို့အရေးယူမှုများကြား သိမ်း ယူထားသည့်အမေရိကန်ဒေါ်လာသန်း ၇၀၀၀ ပြန်ပေးရန် တနင်္ဂနွေနေ့တွင် အီရန်က တောင်ကိုရီးယားကို ပြောသည်ဟု အီရန်အစိုးရမီဒီယာကဖော်ပြသည်။
တောင်ကိုရီးယားနိုင်ငံခြားရေးဒုတိယဝန်ကြီး ချွဲဂျောင်ကွန်းက တနင်္ဂနွေနေ့တွင် အီရန်မြို့တော်တီဟီရန်သို့ လာရောက်ပြီး ပြီးခဲ့သည့်တနင်္လာနေ့က မဟာဗျူဟာမြောက်ဟော်မုရေလက်ကြားတွင် အစောင့်တပ်ဖွဲ့က သိမ်းယူခဲ့သည့် တောင်ကိုရီးယားအလံတင်ရေနံတင်သင်္ဘော အမ်တီ ဟန်ကု ချန်မီကိုပြန်လွှတ်ရေး ဆွေးနွေးခဲ့သည်။
သင်္ဘောအမှုထမ်းအယောက် ၂၀ ပါသောရေနံတင်သင်္ဘောကိုသိမ်းဆည်းခြင်းသည် ဓားစာခံခေါ်ခြင်းမဟုတ် ကြောင်း ငြင်းဆိုခဲ့ပြီး တောင်ကိုရီးယားကသာ အီရန်၏ရန်ပုံငွေများကို ဓားစာခံခေါ်ထားခြင်းဖြစ်ကြောင်း ပြောသည်။
တောင်ကိုရီးယားအနေဖြင့် ယခုကိစ္စကို နိုင်ငံရေးအသွင်ပြောင်းနေခြင်းနှင့် အသုံးမဝင်သောဝါဒဖြန့်ခြင်းမှ ရှောင်ရှားရန်နှင့် တရားဥပဒေအရလုပ်ငန်းစဉ်များဆက်လုပ်ခွင့်ပြုရန် အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး အဘတ် အရတ်ချီက ချွဲကိုပြောသည်ဟု အီရန်အစိုးရရုပ်သံတွင်ဖော်ပြသည်။
သဘာဝပတ်ဝန်းကျင်ညစ်ညစ်းစေမှုဖြင့် အီရန်တရားရုံးကအမိန့်ချထားသောကြောင့် သင်္ဘောကို သိမ်းဆည်း ခဲ့ခြင်းဖြစ်ကြောင်း အင်္ဂါနေ့တွင် အီရန်အစိုးရပြောခွင့်ရသူကပြောသည်။
သို့သော် ဘဘာဝပတ်ဝန်းကျင်ဆိုင်ရာစည်းကမ်းများကိုဖောက်ဖျက်နေကြောင်း စုံစမ်းစစ်ဆေးမှုများကို မသိမ်း ဆည်းမီ အီရန်အာဏာပိုင်များကအရိပ်အယောင်ပြခဲ့ခြင်းမရှိကြောင်း သင်္ဘော၏ဘူဆန်မြို့အခြေစိုက်ကုမ္ပဏီက ရိုက်တာကိုပြောသည်။
ပြီးခဲ့သည့် ၂ နှစ်ခွဲအတွင်း တောင်ကိုရီးယားဘဏ်များက အီရန်ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ပြီး ထိုဖြစ်ရပ်ကို လက်မခံနိုင်ကြောင်း၊ အီရန်နိုင်ငံ၏အမြင်အရ တောင်ကိုရီးယားသည် အမေရိကန်၏ပိတ်ဆို့အရေးယူမှုများကို သာကြည့်ပြီး ထိုသိမ်းဆည်းမှုကိုဖြေရှင်းနိုင်ရန် နိုင်ငံရေးဆန္ဒကင်းမဲ့နေကြောင်းဖော်ပြနေသည်ဟု အရတ်ချီ ကပြောသည်။
Ref : Iran tells South Korea not to politicise seized vessel, demands release of funds
#PeopleMedia
(unicode)
………………………………………..
Ref : Iran tells South Korea not to politicise seized vessel, demands release of funds
#PeopleMedia