ေတာင္ကိုရီးယားအစိုးရမွ ျပည္သူမ်ားသို႔ Covid-19 ေရာဂါ ေထာက္ပံ့ေၾကး ေပးမည္
PUBLISHED - April 24, 2020
၂၀၂၀၊ ဧၿပီ ၂၄
ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားမွုဒဏ္ခံရသည့္ အိမ္ေထာင္စုမ်ားအားလုံးသို့ ေထာက္ပံ့ေၾကး ကူညီရန္ ေတာင္ကိုရီးယား အစိုးရက ဆုံးျဖတ္ခဲ့ေၾကာင္း စီးပြားေရးႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနက ယေန႔ ေျပာ ၾကားလိုက္သည္။
ေအာက္ေျခမွ ၇၀ ရာခိုင္ႏွုန္း ဝင္ေငြရွိသည့္အုပ္စုမွ မိသားစုဝင္ ေလးဦးရွိသည့္ အိမ္ေထာင္စုတစ္ခုသို့ အ စိုးရေထာက္ပံ့ေၾကး ဝမ္တစ္သန္း (ေဒၚလာ ၈၁၀) ေပးရန္ အစိုးရက ၿပီးခဲ့သည့္အပတ္တြင္ အေမရိကန္ေဒၚလာ ၆ ဒသမ ၁ ဘီလီယံႏွင့္ညီမၽွသည့္ ဝမ္ ၇ ဒသမ ၆ ထ ရီလီယံတန္ေၾကးရွိ ေနာက္ဆက္တြဲ ဘတ္ဂ်က္ဉပေဒၾကမ္းကို အမ်ိဳးသားလႊတ္ေတာ္သို့ တင္သြင္းခဲ့သည္။
ေထာက္ပံ့ေၾကးမ်ားကို ဝင္ေငြ၊ ပိုင္ဆိုင္မွုမခြဲျခားဘဲ အိမ္ေထာင္စုအားလုံးအတြက္ ေပးအပ္မည္ဟု ယခုလ အေစာပိုင္း လႊတ္ေတာ္ေရြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးမွုအတြင္း အာဏာရ ဒီမိုကရက္တစ္ပါတီက အခိုင္အမာေျပာ ၾကားခဲ့သည္။
သမၼတ႐ုံး၊ အစိုးရႏွင့္ အာဏာရပါတီၾကား ညႇိႏွိုင္းတိုင္ပင္မွုမ်ား ျပဳလုပ္ၿပီးေနာက္ ေတာင္ကိုရီးယားနိုင္ငံ က အိမ္ေထာင္စုအားလုံးသို့ ေထာက္ပံ့ေၾကးေပးအပ္ရန္ ဆုံးျဖတ္ခဲ့သည္။
သို့ေသာ္လည္း ထိပ္တန္း ၃၀ ရာခိုင္ႏွုန္း ဝင္ေငြရွိသူအုပ္စုဝင္မ်ားက ေထာက္ပံ့ေၾကး မေလ်ာက္ထားရန္ သို့မဟုတ္ ရရွိသည့္ေထာက္ပံ့ေၾကးကို ဆႏၵအ ေလ်ာက္ လွူဒါန္းရန္ အစိုးရက ေတာင္းဆိုခဲ့သည္။
မိသားစုဝင္တစ္ဦးရွိသည့္ အိမ္ေထာင္စုတိုင္းကို ေဒၚလာ ၃၂၀၊ မိသားစုဝင္ႏွစ္ဉီးရွိသည့္ အိမ္ေထာင္စုတိုင္း ကို ေဒၚလာ ၄၉၀ ႏွင့္ မိသားစုဝင္သုံးဦးရွိသည့္ အိမ္ေထာင္စုတိုင္းကို ေဒၚလာ ၆၅၀ ေထာက္ပံ့မည္ျဖစ္သည္။
ကိုးကား။ ။ဆင္ဟြာ
Ref; S. Korea to provide all households with relief grants over COVID-19 outbreak
#PeopleMedia
(unicode)
တောင်ကိုရီးယားအစိုးရမှ ပြည်သူများသို့ Covid-19 ရောဂါ ထောက်ပံ့ကြေး ပေးမည်
……………………………………………………………………………….
၂၀၂၀၊ ဧပြီ ၂၄
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုဒဏ်ခံရသည့် အိမ်ထောင်စုများအားလုံးသို့ ထောက်ပံ့ကြေး ကူညီရန် တောင်ကိုရီးယား အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့ ပြော ကြားလိုက်သည်။
အောက်ခြေမှ ၇၀ ရာခိုင်နှုန်း ဝင်ငွေရှိသည့်အုပ်စုမှ မိသားစုဝင် လေးဦးရှိသည့် အိမ်ထောင်စုတစ်ခုသို့ အ စိုးရထောက်ပံ့ကြေး ဝမ်တစ်သန်း (ဒေါ်လာ ၈၁၀) ပေးရန် အစိုးရက ပြီးခဲ့သည့်အပတ်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံနှင့်ညီမျှသည့် ဝမ် ၇ ဒသမ ၆ ထ ရီလီယံတန်ကြေးရှိ နောက်ဆက်တွဲ ဘတ်ဂျက်ဉပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့သည်။
ထောက်ပံ့ကြေးများကို ဝင်ငွေ၊ ပိုင်ဆိုင်မှုမခွဲခြားဘဲ အိမ်ထောင်စုအားလုံးအတွက် ပေးအပ်မည်ဟု ယခုလ အစောပိုင်း လွှတ်တော်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း အာဏာရ ဒီမိုကရက်တစ်ပါတီက အခိုင်အမာပြော ကြားခဲ့သည်။
သမ္မတရုံး၊ အစိုးရနှင့် အာဏာရပါတီကြား ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ပြီးနောက် တောင်ကိုရီးယားနိုင်ငံ က အိမ်ထောင်စုအားလုံးသို့ ထောက်ပံ့ကြေးပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း ထိပ်တန်း ၃၀ ရာခိုင်နှုန်း ဝင်ငွေရှိသူအုပ်စုဝင်များက ထောက်ပံ့ကြေး မလျောက်ထားရန် သို့မဟုတ် ရရှိသည့်ထောက်ပံ့ကြေးကို ဆန္ဒအ လျောက် လှူဒါန်းရန် အစိုးရက တောင်းဆိုခဲ့သည်။
မိသားစုဝင်တစ်ဦးရှိသည့် အိမ်ထောင်စုတိုင်းကို ဒေါ်လာ ၃၂၀၊ မိသားစုဝင်နှစ်ဉီးရှိသည့် အိမ်ထောင်စုတိုင်း ကို ဒေါ်လာ ၄၉၀ နှင့် မိသားစုဝင်သုံးဦးရှိသည့် အိမ်ထောင်စုတိုင်းကို ဒေါ်လာ ၆၅၀ ထောက်ပံ့မည်ဖြစ်သည်။
ကိုးကား။ ။ဆင်ဟွာ
Ref; S. Korea to provide all households with relief grants over COVID-19 outbreak