ေတာင္ကိုရီးယားအရာ႐ွိကို ေျမာက္ကိုရီးယားဘက္ကအေသပစ္သတ္ၿပီး မီး႐ွိဳ႕

PUBLISHED - September 24, 2020
ဆိုးလ္၊ စက္တင္ဘာ ၂၄
ေျမာက္ကိုရီးယားနယ္စပ္ႏွင့္ ၁၀ ကီလိုမီတာအကြာေရျပင္တြင္ ကင္းလွည့္ေလွျဖင့္သြားေနသည့္ ေတာင္ကိုရီးယားငါးလုပ္ငန္းဌာနမွ၀န္ထမ္းတစ္ေယာက္ကို ေျမာက္ကိုရီးယားဘက္က အေသပစ္သတ္ၿပီး မီး႐ွိဳ႕ခဲ့သည္ဟု ေတာင္ကိုရီးယားကာကြယ္ေရး၀န္ႀကီးဌာနကေျပာၿပီး ထိုလုပ္ရပ္သည္ ရက္စက္သည့္လုပ္ရပ္ဟုလည္း ႐ွဳတ္ခ်သည္။
နယ္စပ္နားတြင္ ကင္းလွည့္ေလွေပၚမွထိုအမ်ိဳးသားေပ်ာက္ဆံုးသြားၿပီး ေနာက္ပိုင္းတြင္ ေျမာက္ကိုရီးယားေရပိုင္နက္အတြင္းျပန္ေတြ႔ခဲ့သည္ဟု ေတာင္ကိုရီးယားဘက္ကေျပာသည္။
ေျမာက္ကိုရီးယားစစ္သားမ်ားက သူ႔ကိုပစ္သတ္ၿပီးေနာက္ အေလာင္းေပၚဓာတ္ဆီမ်ားေလာင္းခ်ၿပီး မီး႐ွိဳ႕ခဲ့သည္ဟုလည္း ေျပာသည္။
ေထာက္လွမ္းေရးအခ်က္အလက္မ်ားအေပၚအေျခခံၿပီး ေကာက္ခ်က္ခ်သည္ဟုလည္း ေတာင္ကိုရီးယားကာကြယ္ေရး၀န္ႀကီးဌာနကေျပာသည္။
ႏိုင္ငံတြင္းကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကိုကာကြယ္ရန္ ေျမာက္ကိုးယားႏုိင္ငံသည္ ၀င္လာသူကို အေသပစ္သည့္မူ၀ါဒထား႐ွိသည္ဟု ယူဆရၿပီး နယ္စပ္ကိုတင္းၾကပ္ထားသည္။
Ref : North Korea ‘killed and burned South Korean official’
#PeopleMedia
(Unicode)
တောင်ကိုရီးယားအရာရှိကို မြောက်ကိုရီးယားဘက်ကအသေပစ်သတ်ပြီး မီးရှို့
………………………………………
ဆိုးလ်၊ စက်တင်ဘာ ၂၄
မြောက်ကိုရီးယားနယ်စပ်နှင့် ၁၀ ကီလိုမီတာအကွာရေပြင်တွင် ကင်းလှည့်လှေဖြင့်သွားနေသည့် တောင်ကိုရီးယားငါးလုပ်ငန်းဌာနမှဝန်ထမ်းတစ်ယောက်ကို မြောက်ကိုရီးယားဘက်က အသေပစ်သတ်ပြီး မီးရှို့ခဲ့သည်ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကပြောပြီး ထိုလုပ်ရပ်သည် ရက်စက်သည့်လုပ်ရပ်ဟုလည်း ရှုတ်ချသည်။
နယ်စပ်နားတွင် ကင်းလှည့်လှေပေါ်မှထိုအမျိုးသားပျောက်ဆုံးသွားပြီး နောက်ပိုင်းတွင် မြောက်ကိုရီးယားရေပိုင်နက်အတွင်းပြန်တွေ့ခဲ့သည်ဟု တောင်ကိုရီးယားဘက်ကပြောသည်။
မြောက်ကိုရီးယားစစ်သားများက သူ့ကိုပစ်သတ်ပြီးနောက် အလောင်းပေါ်ဓာတ်ဆီများလောင်းချပြီး မီးရှို့ခဲ့သည်ဟုလည်း ပြောသည်။
ထောက်လှမ်းရေးအချက်အလက်များအပေါ်အခြေခံပြီး ကောက်ချက်ချသည်ဟုလည်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။
နိုင်ငံတွင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုကာကွယ်ရန် မြောက်ကိုးယားနိုင်ငံသည် ဝင်လာသူကို အသေပစ်သည့်မူဝါဒထားရှိသည်ဟု ယူဆရပြီး နယ်စပ်ကိုတင်းကြပ်ထားသည်။
Ref : North Korea ‘killed and burned South Korean official’
#PeopleMedia