ေတာင္ကိုရီးယားႏွင့္အေမရိကန္ ပူးတြဲစစ္ေရးေလ့က်င့္မႈ တပ္ဖြဲ႕ဝင္အင္ အားေလွ်ာ့ခ်မည္

PUBLISHED - August 13, 2020
ၾသဂုတ္ ၁၂
ေတာင္ကိုရီးယားႏွင့္ အေမရိကန္ႏိုင္ငံတို႔က အေမရိကန္ႏိုင္ငံအေျခစိုက္ တပ္ဖြဲ႕မ်ားမပါဝင္ဘဲ ႏွစ္စဉ္ျပဳ လုပ္ေနက် ပူးတြဲစစ္ေရးေလ့က်င့္မႈကို ယခုအပတ္အတြင္း စတင္မည္ျဖစ္သည္။
ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈကို စိုး ရိမ္ျခင္းေၾကာင့္ စစ္ေရးေလ့က်င့္မႈတြင္ တပ္ဖြဲ႕ဝင္အေရအတြက္ေလ်ာ့ ခ်မည္ျဖစ္သည္။
အေမရိကန္တပ္ဖြဲ႕မ်ား ခရီးသြားလာမႈကို ၿခိမ္းေျခာက္ေနေသာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျသဂုတ္လတြင္ စ တင္ေလ့ရွိသည့္ ပူးတြဲစစ္ေရးေလ့က်င့္မႈႏွင့္ပတ္သက္၍ မည္ကဲ့သို႔ညႇိမည္ဆိုသည္ကို မဟာမိတ္ႏွ စ္ႏိုင္ငံက ေဆြး ေႏြးလ်က္ရွိသည္။
က်ည္အစစ္အသုံးျပဳျခင္းထက္ ကြန္ျပဴတာထိန္းခ်ဳပ္စနစ္ျဖင့္ ပုံစံတူျပဳလုပ္မည့္ စစ္ေရးေလ့က်င့္မႈတြင္ ႏွစ္ႏိုင္ငံစလုံးမွ တပ္ဖြဲ႕ဝင္ ေထာင္ႏွင့္ခ်ီ၍ ပါဝင္သည္။
ပူးတြဲစစ္ေရးေလ့က်င့္မႈကို ျသဂုတ္လ ၁၆ ရက္မွ ၂၈ ရက္အထိ တပ္ဖြဲ႕ဝင္အေရအတြက္ႏွင့္ ညပိုင္းေလ့ က်င့္မႈမ်ား ေလွ်ာ့၍ျပဳလုပ္မည္ျဖစ္သည္။ အစီအစဉ္မ်ား အၿပီးသတ္ျခင္းမရွိေသးဟု ေတာင္ကိုရီးယား ကာကြယ္ ေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့သည္။
ဇူလိုင္လေနာက္ပိုင္း ေတာင္ကိုရီးယားႏိုင္ငံရွိ အေမရိကန္တပ္ဖြဲ႕ဝင္ ၂၈၅၀၀ ဦးႏွင့္ ၄င္းတို႔၏ မိသားစုဝင္ မ်ား၌ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈ ၆၅ မႈ ျဖစ္ပြားခဲ့ရာ စစ္ဘက္အေျခစိုက္စခန္းအနီးရွိ ေတာင္ကိုရီးယား ေဒသခံ မ်ားၾကား စိုးရိမ္မႈမ်ား ရွိလာခဲ့သည္။
ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို စစ္ပြဲတစ္ရပ္ဆင္ႏႊဲရန္ အစမ္းေလ့က်င့္သည္ဟုဆိုသည့္ ေျမာက္ကိုရီးယား ႏိုင္ငံက အနီးကပ္ ေစာင့္ၾကည့္လ်က္ရွိသည္။ ေျမာက္ကိုရီးယားႏိုင္ငံ၏ ႏ်ဴကလီးယားအစီအစဉ္မ်ား ဖ်က္သိမ္းရန္ ရည္ရြယ္ေသာ အေမရိကန္ႏိုင္ငံ၏ ေစ့စပ္ညႇိႏႈိင္းမႈမ်ား အဆင္ေျပေစရန္ မၾကာေသး မီႏွစ္မ်ားအတြင္း ပူးတြဲစစ္ေရး ေလ့က်င့္မႈ ျပဳလုပ္ျခင္းမ်ား ေလွ်ာ့ခ်ခဲ့သည္။
ကိုးကား ။ ။ ႐ိုက္တာ
Ref; South Korea, US to hold smaller annual joint military drills due to Covid-19, say Korean media
(unicode)
တောင်ကိုရီးယားနှင့်အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု တပ်ဖွဲ့ဝင်အင် အားလျှော့ချမည်
……………………………………………………
ဩဂုတ် ၁၂
တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့က အမေရိကန်နိုင်ငံအခြေစိုက် တပ်ဖွဲ့များမပါဝင်ဘဲ နှစ်စဉ်ပြု လုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယခုအပတ်အတွင်း စတင်မည်ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို စိုး ရိမ်ခြင်းကြောင့် စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်အရေအတွက်လျော့ ချမည်ဖြစ်သည်။
အမေရိကန်တပ်ဖွဲ့များ ခရီးသွားလာမှုကို ခြိမ်းခြောက်နေသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြဂုတ်လတွင် စ တင်လေ့ရှိသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ မည်ကဲ့သို့ညှိမည်ဆိုသည်ကို မဟာမိတ်နှ စ်နိုင်ငံက ဆွေး နွေးလျက်ရှိသည်။
ကျည်အစစ်အသုံးပြုခြင်းထက် ကွန်ပြူတာထိန်းချုပ်စနစ်ဖြင့် ပုံစံတူပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့ဝင် ထောင်နှင့်ချီ၍ ပါဝင်သည်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ်လ ၁၆ ရက်မှ ၂၈ ရက်အထိ တပ်ဖွဲ့ဝင်အရေအတွက်နှင့် ညပိုင်းလေ့ ကျင့်မှုများ လျှော့၍ပြုလုပ်မည်ဖြစ်သည်။ အစီအစဉ်များ အပြီးသတ်ခြင်းမရှိသေးဟု တောင်ကိုရီးယား ကာကွယ် ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဇူလိုင်လနောက်ပိုင်း တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင် ၂၈၅၀၀ ဦးနှင့် ၄င်းတို့၏ မိသားစုဝင် များ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၆၅ မှု ဖြစ်ပွားခဲ့ရာ စစ်ဘက်အခြေစိုက်စခန်းအနီးရှိ တောင်ကိုရီးယား ဒေသခံ များကြား စိုးရိမ်မှုများ ရှိလာခဲ့သည်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စစ်ပွဲတစ်ရပ်ဆင်နွှဲရန် အစမ်းလေ့ကျင့်သည်ဟုဆိုသည့် မြောက်ကိုရီးယား နိုင်ငံက အနီးကပ် စောင့်ကြည့်လျက်ရှိသည်။ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအစီအစဉ်များ ဖျက်သိမ်းရန် ရည်ရွယ်သော အမေရိကန်နိုင်ငံ၏ စေ့စပ်ညှိနှိုင်းမှုများ အဆင်ပြေစေရန် မကြာသေး မီနှစ်များအတွင်း ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်းများ လျှော့ချခဲ့သည်။
ကိုးကား ။ ။ ရိုက်တာ
Ref; South Korea, US to hold smaller annual joint military drills due to Covid-19, say Korean media