တောင်ကိုရီးယားနှင့် တင်းမာမှုများမြင့်တက်နေသည့်ကြားမှ မြောက်ကိုရီးယားက ရထားတစ်စီးပေါ်မှ ပဲ့ထိန်း ဒုံးကျည်များပစ်ခတ်ခဲ့

PUBLISHED - September 17, 2021
နိုင်ငံတကာ၊ စက်တင်ဘာ ၁၇ (People Media)
မြောက်ကိုရီးယားနိုင်ငံက ရထားတစ်စီးပေါ်မှာ ပထမဦးဆုံးအနေဖြင့် ပဲ့ထိန်းဒုံးကျည်များ အောင်မြင်စွာပစ်လွှတ် နိုင်ခဲ့ကြောင်းနှင့် နိုင်ငံ၏ကာကွယ်ရေးအစီအစဉ်များကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ကြေညာလိုက်သည်။
မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ထုတ်လုပ်ရေးအစီအစဉ်ကို စွန့်လွှတ်ရန်ရည်ရွယ်၍ အမေရိကန် ဦး ဆောင်သောဆွေးနွေးပွဲများကမ်းလှမ်းထားသော်လည်း ကာလရှည်မတိုးသာမဆုတ်သာဖြစ်နေသည့်ကြားမှ သြ ဂုတ်လ ၁၅ ရက်နေ့က ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုများကြောင့် ပြိုင်ဘက်နှစ်နိုင်ငံကြား တင်းမာမှုများ တစ်ဖန်ပြန် လည်မြင့်တက်လာခဲ့သည်။
နိုင်ငံ၏တောတောင်ထူထပ်သောအလယ်ပိုင်းဒေသရှိ ရထားလမ်းတစ်လျှောက် လက်နက်စနစ်များကို သယ် ဆောင်ထားသော “ရထားအခြေစိုက်ဒုံးကျည်တပ်ရင်း” တစ်ရင်း စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း အဆို ပါဒုံးကျည်များကို ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းဌာနက ထုတ်ပြန်ခဲ့သည်။
ရထားအခြေစိုက်ပဲ့ထိန်းဒုံးကျည်စနစ်မှာ မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်ရေးစနစ်အမျိုးမျိုးထုတ်လုပ်နေမှု ကို ဖော်ပြနေခြင်းဖြစ်သည်။ မြောက်ကိုရီယားတွင် ယာဉ်အမျိုးမျိုးပေါ်မှ ဒုံးကျည်များပစ်လွှတ်နိုင်သလို ရေငုပ် သင်္ဘောများအပါအဝင် မြေပြင်အခြေစိုက်ဒုံးစင်များမှလည်း ပစ်လွှတ်နိုင်ကြောင်းတွေ့ရသည်။ ရထားပေါ်မှ ဒုံး ကျည်ပစ်ခတ်နိုင်ခြင်းသည် ရွေ့လျားဒုံးပစ်စင်တစ်ခုထပ်မံတိုးလာခြင်းဖြစ်သော်လည်း စစ်ဖြစ်ပွားပါက ရန်သူက လျင်မြန်စွာဖျက်ဆီးပစ်နိုင်ကြောင်း ကျွမ်းကျင်သူအချို့ကပြောသည်။
“ကျွန်တော်တို့တပ်မတော်ရဲ့ ဆန်းစစ်လေ့လာချက်တွေအရ သိရတာကတော့ မြောက်ကိုရီးယားဟာ တောက် လျှောက်ဆိုသလို ရွေ့လျားဒုံးပစ်စင်တွေတည်ဆောက်နေတယ်လို့ သိရပါတယ်။” ဟု တောင်ကိုရီးယားနိုင်ငံ၏ ပူးတွဲစစ်ဦးစီးအရာရှိချုပ်ဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးကင်ဂျန်ရက်ကပြောသည်။ တောင်ကိုရီးယားနှင့် အ မေရိကန်စစ်ဘက်ဆိုင်ရာအရာရှိများအနေဖြင့် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများကို ဆက်လက်လေ့ လာဆန်းစစ်နေကြောင်း ၎င်းကပြောသည်။
မြောက်ကိုရီးယားကပစ်လွှတ်လိုက်သော တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းမှာ ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် အတွင်းသို့ကျရောက်လာခဲ့သော်လည်း ယင်းသီးသန့်စီးပွားရေးဇုန်မှာ ဂျပန်နိုင်ငံ၏ရေပိုင်နက်အပြင်ဘက်တွင်ရှိ နေကြောင်း တောင်ကိုရီးယားနှင့် ဂျပန်စစ်ဘက်ဆိုင်ရာအရာရှိများကပြောသည်။ ယင်းဒုံးကျည်များမကျရောက် မီ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက သီးသန့်စီးပွားရေးဇုန်အတွင်း မြောက်ကိုရီးယားဒုံးကျည်များ ကျရောက်ခဲ့ကြောင်းသိရသည်။
Ref: North Korea fired ballistic missiles from train amid rising tensions with the South
#PeopleMedia
(unicode)
…………………………………………………………………….
Ref: North Korea fired ballistic missiles from train amid rising tensions with the South
#PeopleMedia