ေတာင္ကုန္း၊ ေတာင္တန္းရွိ၍ မိုးရြာသြန္းမႈမ်ားေသာေနရာမ်ားတြင္ ေျမၿပိဳက်မႈအႏၲရာယ္ရွိႏိုင္ေသာေၾကာင့္ သတိထားရန္ မိုးေလ၀သၫႊန္ခ်ဳပ္သတိေပး

PUBLISHED - July 4, 2020
ေတာင္ကုန္း၊ ေတာင္တန္းရွိ၍ မိုးရြာသြန္းမႈမ်ားေသာေနရာမ်ားတြင္ ေျမၿပဳိက်မႈအႏၲရာယ္ရွိႏိုင္ေသာေၾကာင့္ သတိထားရန္ မိုးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ေဒါက္တာေက်ာ္မိုးဦးကေျပာသည္။
မိုးရြာသြန္းမႈအေျခအေနႏွင့္ပတ္သက္၍ ဇူလိုင္ ၄ ရက္ people media မွ ဆက္သြယ္ေမးျမန္းရာတြင္ မိုးေလ၀သႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးကေျပာၾကားသည္။
“ဒီကာလေတြမွာ မုတ္သုံေလအားေကာင္းၿပီဆိုေတာ့ မိုးကမ်ားတယ္။ အခုလက္ရွိမွာလည္း ေနရာကြက္မိုးႀကီးတာတို႔ေဒသ အလိုက္ မိုးႀကီးတာတို႔ ကခ်င္တို႔ဘာတို႔မွာလည္း မိုးကႀကီးေနတာေပါ့။ သုံးေလးေနရာေလာက္မွာေတာ့ သုံးလက္မနဲ႔အထက္ ရြာတဲ့အေျခအေနမွာ ေတြ႕ရတဲ့အခါၾကေတာ့ ေတာင္ကုန္း၊ ေတာင္တန္းရွိတဲ့ေနရာေတြမွာေတာ့ ဒီလိုမ်ိဳးမိုးမ်ားလာၿပီဆိုရင္ေတာ့ ေျမၿပဳိတဲ့ေဘးအႏၲရာယ္ သတိျပဳဖို႔လိုတယ္။ ဖားကန္႔မွာကေတာ့ မိုးမ်ားတာေၾကာင့္ဆိုတာထက္ ေျမစာေတြပုံတာ စကတည္းက အေျခမခိုင္တဲ့အေနအထားမ်ိဳးေတြရွိတယ္။ ေရွ႕မွာေတာ့ မိုးရြာထားတဲ့အေနအထားေတာ့ရွိတာေပါ့” ဟု ၎ကေျပာသည္။
ဇူလိုင္ ၄ ရက္ မိုးေလ၀သႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္၍မိုးႀကီးႏိုင္ေၾကာင္း သိရသည္။
၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၈ ရက္က မြန္ျပည္နယ္ ေပါင္ၿမိဳ႕၊ သဲျဖဴကုန္းေက်းရြာတြင္ မလတ္ေတာင္အနီး မိုးရြာသြန္းမႈမ်ား၍ ေျမၿပဳိက်ခဲ့ၿပီး ၎ေျမၿပဳိက်မႈျဖစ္စဥ္ေၾကာင့္ လူ ၇၂ ဦးေသဆုံးခဲ့ကာ ဒဏ္ရာရွိသူ ၂၈ ဦးရွိခဲ့သည္။
#PeopleMedia
(unicode)
တောင်ကုန်း၊ တောင်တန်းရှိ၍ မိုးရွာသွန်းမှုများသောနေရာများတွင် မြေပြိုကျမှုအန္တရာယ်ရှိနိုင်သောကြောင့် သတိထားရန် မိုးလေဝသညွှန်ချုပ်သတိပေး
…………………………………………………
တောင်ကုန်း၊ တောင်တန်းရှိ၍ မိုးရွာသွန်းမှုများသောနေရာများတွင် မြေပြိုကျမှုအန္တရာယ်ရှိနိုင်သောကြောင့် သတိထားရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးကပြောသည်။
မိုးရွာသွန်းမှုအခြေအနေနှင့်ပတ်သက်၍ ဇူလိုင် ၄ ရက် people media မှ ဆက်သွယ်မေးမြန်းရာတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောကြားသည်။
“ဒီကာလတွေမှာ မုတ်သုံလေအားကောင်းပြီဆိုတော့ မိုးကများတယ်။ အခုလက်ရှိမှာလည်း နေရာကွက်မိုးကြီးတာတို့ဒေသ အလိုက် မိုးကြီးတာတို့ ကချင်တို့ဘာတို့မှာလည်း မိုးကကြီးနေတာပေါ့။ သုံးလေးနေရာလောက်မှာတော့ သုံးလက်မနဲ့အထက် ရွာတဲ့အခြေအနေမှာ တွေ့ရတဲ့အခါကြတော့ တောင်ကုန်း၊ တောင်တန်းရှိတဲ့နေရာတွေမှာတော့ ဒီလိုမျိုးမိုးများလာပြီဆိုရင်တော့ မြေပြိုတဲ့ဘေးအန္တရာယ် သတိပြုဖို့လိုတယ်။ ဖားကန့်မှာကတော့ မိုးများတာကြောင့်ဆိုတာထက် မြေစာတွေပုံတာ စကတည်းက အခြေမခိုင်တဲ့အနေအထားမျိုးတွေရှိတယ်။ ရှေ့မှာတော့ မိုးရွာထားတဲ့အနေအထားတော့ရှိတာပေါ့” ဟု ၎င်းကပြောသည်။
ဇူလိုင် ၄ ရက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဩဂုတ်လ ၈ ရက်က မွန်ပြည်နယ် ပေါင်မြို့၊ သဲဖြူကုန်းကျေးရွာတွင် မလတ်တောင်အနီး မိုးရွာသွန်းမှုများ၍ မြေပြိုကျခဲ့ပြီး ၎င်းမြေပြိုကျမှုဖြစ်စဉ်ကြောင့် လူ ၇၂ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရှိသူ ၂၈ ဦးရှိခဲ့သည်။
#PeopleMedia