တောင်တွင်းကြီးအမတ် ဦးမင်းသိန်း၏ ဆက်စပ်မေးခွန်းအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသတိပေး
PUBLISHED - August 22, 2019
“ဆက်စပ်မေးခွန်းမေးမြန်းတယ်ဆိုတဲ့နေရာမှာ ဖြေကြားတဲ့နေရာမှာ နှစ်ခွဖြစ်နေတာ မျိုးတို့ မရှင်းမလင်းဖြစ်နေတာမျိုးအခါမှသာ မေးဖို့ဖြစ်ပါတယ်။ အစောတုန်းက ၀န်ကြီး ရှင်းသွားတဲ့အချိန်မှာ အဲဒီကိစ္စတွေပါပြီးသားဖြစ်ပါတယ်” ဦးတီခွန်မြတ်(ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ)
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တောင်တွင်းကြီးမဲဆန္ဒနယ် အမတ်ဦးမင်းသိန်းက ဆရာကြီးမင်းသုဝဏ်နှင့် ဆရာဇော်ဂျီတို့၏ စာပေလက်ရာများနှင့် စာပေ အရှိန်အ၀ါကြီးမားသော အခြားစာပေပညာရှင်များ၏ စာပေလက်ရာများကို အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းမြန်မာစာပြဋ္ဌာန်းစာအုပ်များတွင် ထည့် သွင်းရန် အစီစဉ်ရှိမရှိ မေးမြန်းခဲ့ပါတယ်။
အဆိုပါမေးမြန်းမှုကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က လွှတ်တော်၌ ကျောင်းသင်ခန်းစာများတွင် အဆိုပါစာပေပညာရှင်များ၏ စာပေ လက်ရာများ ထည့်သွင်းထားမှုကို Power Point ဖြင့် ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
ထိုသို့ရှင်းလင်းမှုအပေါ် တောင်တွင်းအမတ်က ဆက်စပ်မေးခွန်းဖြင့် မေးမြန်းရန် ကြိုး စားမှုကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတိပေးခဲ့ခြင်းဖြစ်ပါတယ်။
https://www.facebook.com/1120229281493723/videos/467991553751080/