တောင်တွင်းကြီးမြို့ ရွှေအိုးရပ်ကွက်ရာအိမ်မှူး၏ နဖူးနှင့် ရင်ဘတ်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဗိဿနိုး နယ် PDF ထုတ်ပြန်
PUBLISHED - August 21, 2021
နေပြည်တော်၊ ဩဂုတ် ၂၁ (People Media)
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး (၁) ရပ်ကွက်၊ ရာအိမ်မှူးဖြစ်သူ ဦးဇော်လတ်အား ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင် အုပ်ချုပ်ရေးမှူးရုံးထဲသို့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဦးခေါင်း တစ်ချက်၊ ရင်ဘတ်နှစ်ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ PDF က ယနေ့ထုတ်ပြန်လိုက်သည်။
အသတ်ခံရသည့် ရာအိမ်မှူး ဦးဇော်လတ်သည် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ယောက်ဖြစ်ကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၌ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ရုံတာဝန်ရှိသူများ လုပ်ကြံခံရမှုများ ဖြစ်ပေါ်လျက်ရှိသည်။
#PeopleMedia #တောင်တွင်းကြီးမြို့
(unicode)
…………………………………………………………………