ေတာင္တ႐ုတ္ပင္လယ္တြင္ စစ္လက္နက္တပ္ဆင္ေရးေမာင္းႏွင္သူ အေမရိကန္ျဖစ္လာ

PUBLISHED - September 11, 2020
ေဟာင္ေကာင္၊ စက္တင္ဘာ ၁၀
အေမရိကန္ျပည္ေထာင္စုသည္ ကိုယ္ပိုင္ႏိုင္ငံေရးလိုအပ္ခ်က္ေၾကာင့္ ေတာင္တ႐ုတ္ပင္လယ္မွ နယ္ေျမႏွင့္ေရပိုင္နက္အျငင္းပြားမႈမ်ားတြင္ တိုက္႐ိုက္ၾကားျဖတ္စြက္ဖက္ေနသည္ဟု တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီ၀င္ႏွင့္ႏိုင္ငံျခားေရး၀န္ႀကီး ၀မ္ယီက ဗုဒၶဟူးေန႔တြင္ေျပာသည္။
ေဒသတြင္းစစ္လက္နက္တပ္ဆင္ေရးအဓိကေမာင္းႏွင္သူလည္း ျဖစ္လာသည္ဟု ၀မ္ကေျပာသည္။
အာဆီယံႏွင့္တ႐ုတ္ ႏိုင္ငံျခားေရး၀န္ႀကီးမ်ားဗီဒီယိုညီလာခံတြင္ ၀မ္က ယခုကဲ့သို႔မွတ္ခ်က္ျပဳျခင္းျဖစ္သည္။
“ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးဟာ ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္ႏိုင္ငံရဲ႕မဟာဗ်ဴဟာအက်ိဳးစီးပြား ျဖစ္ပါတယ္။
ဒါ့အျပင္ တ႐ုတ္နဲ႔အာဆီယံႏိုင္ငံေတြရဲ႕ဘံုရည္မွန္းခ်က္ျဖစ္ပါတယ္”ဟု ၀မ္ကေျပာသည္ဟူ၍ တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာန၀က္ဆိုက္စာမ်က္ႏွာတြင္ေဖာ္ျပသည္။
ဆက္သြယ္ရန္ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈအထေျမာက္ရန္ အေမရိကန္ႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္ေရး တ႐ုတ္ႏိုင္ငံကလိုလားေနေၾကာင္း ၀မ္ကေျပာသည္။
Ref : US becoming driver of militarisation in South China Sea: Wang Yi
(unicode)
တောင်တရုတ်ပင်လယ်တွင် စစ်လက်နက်တပ်ဆင်ရေးမောင်းနှင်သူ အမေရိကန်ဖြစ်လာ
…………………………………………………
ဟောင်ကောင်၊ စက်တင်ဘာ ၁၀
အမေရိကန်ပြည်ထောင်စုသည် ကိုယ်ပိုင်နိုင်ငံရေးလိုအပ်ချက်ကြောင့် တောင်တရုတ်ပင်လယ်မှ နယ်မြေနှင့်ရေပိုင်နက်အငြင်းပွားမှုများတွင် တိုက်ရိုက်ကြားဖြတ်စွက်ဖက်နေသည်ဟု တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
ဒေသတွင်းစစ်လက်နက်တပ်ဆင်ရေးအဓိကမောင်းနှင်သူလည်း ဖြစ်လာသည်ဟု ဝမ်ကပြောသည်။
အာဆီယံနှင့်တရုတ် နိုင်ငံခြားရေးဝန်ကြီးများဗီဒီယိုညီလာခံတွင် ဝမ်က ယခုကဲ့သို့မှတ်ချက်ပြုခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့မဟာဗျူဟာအကျိုးစီးပွား ဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်နဲ့အာဆီယံနိုင်ငံတွေရဲ့ဘုံရည်မှန်းချက်ဖြစ်ပါတယ်”ဟု ဝမ်ကပြောသည်ဟူ၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဆိုက်စာမျက်နှာတွင်ဖော်ပြသည်။
ဆက်သွယ်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုအထမြောက်ရန် အမေရိကန်နှင့်ဆွေးနွေးမှုများပြုလုပ်ရေး တရုတ်နိုင်ငံကလိုလားနေကြောင်း ဝမ်ကပြောသည်။
Ref : US becoming driver of militarisation in South China Sea: Wang Yi