တောင်ဒဂုံမြို့နယ်၌ ကျောင်းဆရာမတစ်ဦး နေအိမ်၌ ရှိနေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ

PUBLISHED - December 9, 2021
ရန်ကုန်၊ ဒီဇင်ဘာ ၉ (People Media)
ရန်ကုန်တိုင်းဒေသကြီး၌ ယခုရက်ပိုင်းအတွင်း လုပ်ကြံသတ်ဖြတ်မှုများ နေ့စဉ်မြင့်တက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျောင်းဆရာမတစ်ဦးသည် နေအိမ်၌ ရှိနေစဉ် သေနတ်သမားများက လာရောက်လုပ်ကြံမှု ဖြစ်ပေါ်ခဲ့သည်။
လုပ်ကြံသတ်ဖြတ်မှုခံရသည့် ဆရာမ မဇွန်ထက်ထက်ဝင်းဆိုသည့် မူလတန်းပြဆရာမတစ်ဦးဖြစ်ပြီး ကျောင်းမှ နေအိမ်သို့ ပြန်လာစဉ် နေအိမ်အရောက်၌ သေနတ်သမားများက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လုပ်ကြံခဲ့ခြင်း ဖြစ်သည်။
“အခု အပစ်ခံရတဲ့ဆရာမက အမက ၂ ကျောင်းမှာ မူလတန်းပြဆရာမလုပ်တာ နေအိမ်ကို ပြန်လာတဲ့ အချိန်မှာပဲ သူ့နောက်က လိုက်လာတဲ့ အမျိုးသားနှစ်ယောက်က သေနတ်နဲ့ပစ်တာ စောနကလေးတင်ပဲ ဆေးရုံကားနဲ့ တင်ပြီးတော့ ခေါ်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၉ ရက်နေ့ တစ်ရက်ထဲ မနက်ပိုင်းမှ မွန်းလွဲပိုင်းအချိန်အထိ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၊ တွံတေး၊ မင်္ဂလာဒုံ၊ တိုက်ကြီးစသည့် မြို့နယ်များတွင် လုပ်ကြံသတ်ဖြတ်မှုများ ၅ မှုထက်မနည်းဖြစ်ပွားခဲ့သည်။
Photo – People Image
#PeopleMedia #ကျောင်းဆရာမ #သေနတ်ဖြင့်အပစ်ခံရ
(unicode)
…………………………………………………….
Photo – People Image