• Follow Us on

Home တောင်ဥက္ကလာပမြို့နယ်တွင် တက္ကစီယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာမှ ယာဉ်မောင်းဖြစ်သူသေဆုံး

တောင်ဥက္ကလာပမြို့နယ်တွင် တက္ကစီယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာမှ ယာဉ်မောင်းဖြစ်သူသေဆုံး

Share this post

နေပြည်တော်၊ မတ်လ ၁

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇) ရပ်ကွက်၊ သစ္စာလမ်းမပေါ်တွင် ဖေဖော်ဝါရီ ၂၈ ရက် ည ၈ နာရီ ၃၀ မိနစ်အချိန်က တက္ကစီယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာမှ ယာဉ်မောင်းဖြစ်သူ သေ ဆုံးခဲ့ကြောင်း ပရဟိတလူငယ်များအသင်းမှ သိရသည်။

 

“ခြံတံကားကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ပြီး မီးလောင်သွားတဲ့၊ ယာဉ်မောင်းကသေသွားတယ်၊ နောက် တစ်ယောက်ကလည်း ဒဏ်ရာများတယ်။” ဟု (၇) ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

 

တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇) ရပ်ကွက်၊ သစ္စာလမ်းမပေါ်တွင် တက္ကစီယာဉ်တစ်စီး CNG အိုး ပေါက် ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်မီးလောင်မှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ နေရာ၌ပင် သေ ဆုံးခဲ့ကာ ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသားတစ်ဦးမှာလည်း မီးလောင်ဒဏ်ရာများရရှိခဲ့၍ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

 

တက္ကစီယာဉ်မီးလောင်မှုအား တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုထွက်ခွာ မီး ငြှိမ်းသတ်ခဲ့ရာ ၈ နာရီ ၃၇ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post