ေတာင္ဥကၠလာပၿမိဳ႕၊ အမွတ္(၁၄)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ုံးသည္ ဧည့္စာရင္းတုိင္လွ်င္ (၂၀၀၀) က်ပ္၊ ေထာက္ခံစာတစ္ေစာင္လွ်င္ (၅၀၀) က်ပ္ ေကာက္ခံေနေၾကာင္း ေထာက္ခံစာသြားေရာက္ျပဳလုပ္သူမ်ား ေျပာဆုိ
PUBLISHED - June 5, 2020
ရန္ကုန္၊ ဇြန္ – ၅
ေတာင္ဥကၠလာပၿမိဳ႕၊ အမွတ္(၁၄)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ုံးသည္ ဧည့္စာရင္းတုိင္လွ်င္ (၂၀၀၀) က်ပ္၊ ေထာက္ခံစာတစ္ေစာင္လွ်င္ (၅၀၀) က်ပ္ ေကာက္ခံေနေၾကာင္း ေထာက္ခံစာသြားေရာက္ျပဳလုပ္ခဲ့သူ ကုိထြန္းထြန္းမင္းက ေျပာပါတယ္။
“ခရီးသြားဖုိ႔ ေထာက္ခံစာလုပ္တာ ေလးေယာက္ကုိ တစ္ေယာက္ ငါးရာႏႈန္းနဲ႔ ႏွစ္ေထာင္ယူတယ္။ ဧည့္စာရင္း က ႏွစ္ေထာင္ယူတယ္။ စုစုေပါင္းေလးေထာင္ေပးခဲ့ရတယ္”လုိ႔ ေျပာပါတယ္။
ထုိကဲ့သုိ႔ အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွ ဧည့္စာရင္းႏွင့္ ေထာက္ခံစာသြားေရာက္ရယူရာ၌ ေငြေတာင္းခံမႈကုိ ကုိထြန္းထြန္း မင္းက ေတာင္ဥကၠလာပ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ေဒါက္တာေစာႏုိင္ထံ ဆက္သြယ္ေျပာဆုိထား ေၾကာင္း ဆုိပါတယ္။
အဆုိပါျဖစ္စဥ္အေပၚ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ေဒါက္တာေစာႏုိင္က တစ္ဖက္ကလည္း ျဖစ္စဥ္ကုိ ဖုန္းဆက္ေျပာမႈေၾကာင့္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးကုိ ဆက္သြယ္ေမးျမန္းခဲ့ၿပီး ေနာင္ေနာက္အလွဴေငြမေကာက္ရန္ ေျပာဆုိေၾကာင္း၊ အလွဴေငြေကာက္ခြင့္မရွိေၾကာင္းႏွင့္ ေကာက္ထားသည့္အလွဴေငြမ်ားကုိ ျပန္လည္ေပးရန္ ေျပာဆုိထားေၾကာင္း ဆုိသည္။
#PeopleMedia #အုပ္ခ်ဳပ္ေရးမွဴး
(unicode)
တောင်ဥက္ကလာပမြို့၊ အမှတ်(၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် ဧည့်စာရင်းတိုင်လျှင် (၂၀၀၀) ကျပ်၊ ထောက်ခံစာတစ်စောင်လျှင် (၅၀၀) ကျပ် ကောက်ခံနေကြောင်း ထောက်ခံစာသွားရောက်ပြုလုပ်သူများ ပြောဆို
……………………………………………………
ရန်ကုန်၊ ဇွန် – ၅
တောင်ဥက္ကလာပမြို့၊ အမှတ်(၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသည် ဧည့်စာရင်းတိုင်လျှင် (၂၀၀၀) ကျပ်၊ ထောက်ခံစာတစ်စောင်လျှင် (၅၀၀) ကျပ် ကောက်ခံနေကြောင်း ထောက်ခံစာသွားရောက်ပြုလုပ်ခဲ့သူ ကိုထွန်းထွန်းမင်းက ပြောပါတယ်။
“ခရီးသွားဖို့ ထောက်ခံစာလုပ်တာ လေးယောက်ကို တစ်ယောက် ငါးရာနှုန်းနဲ့ နှစ်ထောင်ယူတယ်။ ဧည့်စာရင်း က နှစ်ထောင်ယူတယ်။ စုစုပေါင်းလေးထောင်ပေးခဲ့ရတယ်”လို့ ပြောပါတယ်။
ထိုကဲ့သို့ အုပ်ချုပ်ရေးမှူးရုံးမှ ဧည့်စာရင်းနှင့် ထောက်ခံစာသွားရောက်ရယူရာ၌ ငွေတောင်းခံမှုကို ကိုထွန်းထွန်း မင်းက တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်ထံ ဆက်သွယ်ပြောဆိုထား ကြောင်း ဆိုပါတယ်။
အဆိုပါဖြစ်စဉ်အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က တစ်ဖက်ကလည်း ဖြစ်စဉ်ကို ဖုန်းဆက်ပြောမှုကြောင့် အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းခဲ့ပြီး နောင်နောက်အလှူငွေမကောက်ရန် ပြောဆိုကြောင်း၊ အလှူငွေကောက်ခွင့်မရှိကြောင်းနှင့် ကောက်ထားသည့်အလှူငွေများကို ပြန်လည်ပေးရန် ပြောဆိုထားကြောင်း ဆိုသည်။
#PeopleMedia #အုပ်ချုပ်ရေးမှူး