ေထာက္ခံစာအတုလုပ္၍ ေရာင္းခ်သူကုိ ဖမ္းဆီ

PUBLISHED - November 30, 2019
ရန္ကုန္၊ ႏုိဝင္ဘာ – ၃၀
လႈိင္သာယာၿမိဳ႕နယ္၌ ေထာက္ခံစာမ်ား အတုျပဳလုပ္၍ ေရာင္းခ်သူကုိ သက္ဆုိင္ရာရဲစခန္းမွ ဖမ္းဆီးလုိက္ သည္။
ျဖစ္စဥ္မွာ ႏိုဝင္ဘာလ (၂၉) ရက္ (၁၂း၀၀) အခ်ိန္၌ လႈိင္သာယာၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ သတင္း အရ လႈိင္သာယာၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး႐ုံးေရွ႕၊ မေကြးလမ္းေပၚ၌ ျပည့္ၿဖိဳးမင္း(၁၉)ႏွစ္၏ ဆိုင္ ကယ္တူးေဘာက္အတြင္းမွ လႈိင္သာယာၿမိဳ႕နယ္၊ အလုပ္သမား ၫႊန္ၾကားေရးဦးစီးဌာန (ၿမိဳ႕နယ္႐ုံး) တံဆိပ္႐ိုက္ ႏွိပ္ထားသည့္ အလုပ္သမားမွတ္ပုံတင္ကတ္ျပားအတု ၁၃ ေစာင္၊ လႈိင္သာယာၿမိဳ႕မရဲစခန္းတံဆိပ္ဝိုင္း႐ိုက္ႏွိပ္ ထားသည့္ ရဲစခန္းေထာက္ခံစာအတု ၁၃ ေစာင္၊ မင္ခံခြက္ ၁ ခု၊ ေငြ ၈၃၀၀ က်ပ္ႏွင့္ ဖုန္း ၁ လုံးတို႔အား သိမ္းဆည္းရမိခဲ့သည္။
အဆုိပါျဖစ္စဥ္ေၾကာင့္ ျပည့္ၿဖိဳးမင္း(ဖမ္းမိ)အား လႈိင္သာယာၿမိဳ႕မရဲစခန္း၊ (ပ)၇၀၃၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၆၈(လိမ္လည္မႈ/စာ႐ြက္စာတမ္းအတုျပဳလုပ္မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိသည္။
(Unicode)
ထောက်ခံစာအတုလုပ်၍ ရောင်းချသူကို ဖမ်းဆီ
………………………………………
ရန်ကုန်၊ နိုဝင်ဘာ – ၃၀
လှိုင်သာယာမြို့နယ်၌ ထောက်ခံစာများ အတုပြုလုပ်၍ ရောင်းချသူကို သက်ဆိုင်ရာရဲစခန်းမှ ဖမ်းဆီးလိုက် သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ (၂၉) ရက် (၁၂း၀၀) အချိန်၌ လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်း အရ လှိုင်သာယာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၊ မကွေးလမ်းပေါ်၌ ပြည့်ဖြိုးမင်း(၁၉)နှစ်၏ ဆိုင် ကယ်တူးဘောက်အတွင်းမှ လှိုင်သာယာမြို့နယ်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) တံဆိပ်ရိုက် နှိပ်ထားသည့် အလုပ်သမားမှတ်ပုံတင်ကတ်ပြားအတု ၁၃ စောင်၊ လှိုင်သာယာမြို့မရဲစခန်းတံဆိပ်ဝိုင်းရိုက်နှိပ် ထားသည့် ရဲစခန်းထောက်ခံစာအတု ၁၃ စောင်၊ မင်ခံခွက် ၁ ခု၊ ငွေ ၈၃၀၀ ကျပ်နှင့် ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ပြည့်ဖြိုးမင်း(ဖမ်းမိ)အား လှိုင်သာယာမြို့မရဲစခန်း၊ (ပ)၇၀၃၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈(လိမ်လည်မှု/စာရွက်စာတမ်းအတုပြုလုပ်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
#PeopleMedia