ထောင်ဒဏ် (၂) နှစ်ကျော်ချမှတ်ခံရသည့် ရခိုင်တက္ကသိုလ်မှ ကျောင်းသား (၄) ဦး အမြန်ဆုံးပြန်လွှတ်ပေးရန် ANP Youth Wing တောင်းဆို
PUBLISHED - September 17, 2021
နေပြည်တော်၊ စက်တင်ဘာ ၁၇ (People Media)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ တရားရုံးက ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်လိုက်သည့် ရခိုင်တက္ကသိုလ် ကျောင်းသား ၄ ဦးကို ပြစ်ဒဏ်ပေးထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်းကို ANP Youth Wing မှ ထုတ်ပြန်လိုက်သည်။
၂၀၂၀ ခုနှစ်တွင် အစိုးရနှင့် တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ရခိုင်ပြည်ကျောင်းသားများဖြစ်ကြသည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ ၄ ဦးကို စစ်တွေမြို့နယ် တရားရုံးက ယမန်နေ့က ထောင်ဒဏ်ချမှတ်ခဲ့အပေါ် တောင်းဆိုထားခြင်းဖြစ်သည်။
ပြည်သူဘက်မှ ရပ်တည်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ကျောင်းသားများအား မတရားဖမ်းဆီးခြင်း၊ မတရား ပြစ်ဒဏ်ချမှတ်ခြင်းသည် အာဏာရှင်တို့၏ ဥပဒေမဲ့လုပ်ရပ်ဖြစ်သည်ဟု ရှုမြင်ကြောင်း၊ ဆန္ဒပြတောင်းဆိုခဲ့ ကြသည့် ကျောင်းသား ၄ ဦးအား ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ရခိုင်အမျိုးသားပါတီလူငယ်အဖွဲ့ (ANP Youth Wing) က ထုတ်ပြန်ထားသည်။
အဆိုပါတက္ကသိုလ်ကျောင်းသား ၄ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်အတွင်းက ရခိုင်စစ်ပွဲအတွင်း အရပ်သား များ ထိခိုက်သေဆုံးမှု ထိခိုက်ဒဏ်ရာရရှိမှုနှင့် အိုးအိမ်စွန့်ခွာရမှုတို့အတွက် အစိုးရနှင့် စစ်တပ်အား ဆန့် ကျင်ဆန္ဒပြုမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၉) တို့ဖြင့် တရားစွဲဆိုခံရပြီး (၁၀) လအကြာတွင် ထောင်ချမှတ်ခဲ့ခြင်းဖြစ်သည်။
#PeopleMedia #Political #စစ်တွေတက္ကသိုလ်
(unicode)
……………………………………………………………………..
#PeopleMedia #Political #စဈတှတေက်ကသိုလျ