• Follow Us on
Latest News

Home ေထာင္ဝင္စာေပးပို႔သည့္ ပစၥည္းမ်ား အျပည့္အဝမရျခင္းေၾကာင့္ ျမင္းၿခံေထာင္တြင္ ေထာင္ဆူပူမႈျဖစ္ပြား

ေထာင္ဝင္စာေပးပို႔သည့္ ပစၥည္းမ်ား အျပည့္အဝမရျခင္းေၾကာင့္ ျမင္းၿခံေထာင္တြင္ ေထာင္ဆူပူမႈျဖစ္ပြား

Share this post

ျမင္းၿခံ၊ ဒီဇင္ဘာ – ၃၀

မႏၲေလးတိုင္းေဒသႀကီး ျမင္းၿခံၿမိဳ႕နယ္ရွိ ျမင္းၿခံေထာင္အတြင္း အက်ဥ္းသားအခြင့္အေရး အျပည့္အဝမရသည့္ အတြက္ ေထာင္ဆူမႈျဖစ္ပြားေနၾကာင္း အက်ဥ္းေထာင္ႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

ေထာင္ဝင္စာေပးပို႔သည့္ပစၥည္းမ်ား အျပည့္အဝမရျခင္းႏွင့္ ေထာင္သားမ်ားေနထိုင္သည့္ အခန္းတံခါးမ်ားကို သံဆူးႀကိဳးခတ္ၿပီး အခ်ဳပ္သားတစ္ေယာက္စာ ဝင္ထြက္ႏိုင္သည့္ တံခါးေပါက္ျပဳလုပ္သည္ကို မေက်နပ္ေသာ ေၾကာင့္ ဒီဇင္ဘာလ ၃၀ ရက္ေန႔ နံနက္ပိုင္းက ေထာင္ဆူမႈျဖစ္ေၾကာင္းသိရသည္။

“ေထာင္ဆူတာဟုတ္ပါတယ္။ ေထာင္ဆူတာကို အျပင္ကို သတင္းေပးတဲ့သူတစ္ေယာက္ေခၚသြားၿပီ။ အခုထိ ေထာင္ဆူေနတုန္းပဲ” ဟု ေထာင္ဝင္စာလာေတြ႕သူတစ္ဦးက ေျပာသည္။

အဆိုပါေထာင္ဆူမႈႏွင့္ပတ္သက္၍ အက်ဥ္းဦးစီးဌာနသို႔ ဆက္သြယ္ေမးျမန္းေသာ္လည္း ဆက္သြယ္၍ မရေပ။

#PeopleMedia

(Unicode)
ထောင်ဝင်စာပေးပို့သည့် ပစ္စည်းများ အပြည့်အဝမရခြင်းကြောင့် မြင်းခြံထောင်တွင် ထောင်ဆူပူမှုဖြစ်ပွား
…………………………………………………………

မြင်းခြံ၊ ဒီဇင်ဘာ – ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ မြင်းခြံထောင်အတွင်း အကျဉ်းသားအခွင့်အရေး အပြည့်အဝမရသည့် အတွက် ထောင်ဆူမှုဖြစ်ပွားနေကြာင်း အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထောင်ဝင်စာပေးပို့သည့်ပစ္စည်းများ အပြည့်အဝမရခြင်းနှင့် ထောင်သားများနေထိုင်သည့် အခန်းတံခါးများကို သံဆူးကြိုးခတ်ပြီး အချုပ်သားတစ်ယောက်စာ ဝင်ထွက်နိုင်သည့် တံခါးပေါက်ပြုလုပ်သည်ကို မကျေနပ်သော ကြောင့် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ထောင်ဆူမှုဖြစ်ကြောင်းသိရသည်။

“ထောင်ဆူတာဟုတ်ပါတယ်။ ထောင်ဆူတာကို အပြင်ကို သတင်းပေးတဲ့သူတစ်ယောက်ခေါ်သွားပြီ။ အခုထိ ထောင်ဆူနေတုန်းပဲ” ဟု ထောင်ဝင်စာလာတွေ့သူတစ်ဦးက ပြောသည်။

အဆိုပါထောင်ဆူမှုနှင့်ပတ်သက်၍ အကျဉ်းဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရပေ။

#PeopleMedia


Share this post