ထောင်ဖောက်ပြေးသူကို ၁၇ နှစ်အကြာတွင် ဒရုန်းအကူအညီဖြင့် ပြန်လည်ဖမ်းမိ
PUBLISHED - September 30, 2019
တရုတ်နိုင်ငံမှာ ထောက်ဖောက်ပြေးခဲ့တဲ့ တရားခံတစ်ယောက်ကို ၁၇ နှစ်အကြာမှာ ဒရုန်းအကူအညီနဲ့ သက်ဆိုင်ရာက ပြန်လည်ဖမ်းဆီးမိခဲ့ပါတယ်။
အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ တရားခံဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေကို လူကုန်ကူးမှုနဲ့ ထောင်ဒဏ်ကျခံနေရသူဖြစ်ပြီး ၂၀၀၂ ခုနှစ်က ထောက်ဖောက်ပြေးခဲ့တာဖြစ်ပါတယ်။
သူဟာ တောင်ချောက်ကမ်းပါးစွန်းတစ်ခုမှာ နှစ်ကာလများစွာ ပုန်းအောင်းနေခဲ့ပါတယ်။ ရဲတွေက သတင်းရရှိလို့ လိုက်လံရှာဖွေရာမှာ မတွေ့တာကြောင့် ဒရုန်းနဲ့ ဝေဟင်က ရှာဖွေခဲ့ရာမှာ တရားခံပုန်းအောင်းနေတဲ့ နေရာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
တရားခံဟာ လူတွေနဲ့ နှစ်ရှည်လများ ကင်းကွာနေတာကြောင့် ရဲတွေနဲ့တောင် စကားကောင်းကောင်းမပြောနိုင်ဘူးလို့သိရပါတယ်။ အခုချိန်မှာတော့ တရားခံကို အကျဉ်းထောင်ပြန်ပို့ခဲ့ပြီဖြစ်ပါတယ်။
Ref; BBC