ေဒါက္တာေဇာ္ျမင့္ေမာင္ ေသဆုံးသည္ဆိုေသာ သတင္းမ်ားထြက္ေပၚမႈ သည္ မွန္ကန္မႈမရွိဟု မန္း NLD ဥကၠဌေျပာဆို

PUBLISHED - January 8, 2020
ထိုင္းႏိုင္ငံသို႔ သြားေရာက္ေဆးကုသမႈ ခံယူေနသည့္ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ ႏွလုံးခုန္ရပ္သြားၿပီဟု လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔ေနေသာသတင္းသည္ မဟုတ္မွန္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ပါတီဥကၠ႒ ဦးတင္ထြဋ္ဦးက ဇန္နဝါရီလ ၈ ရက္ေန႔၌ ေျပာသည္။
ယေန႔ နံနက္ပိုင္းက စတင္ၿပီး လူမႈကြန္ယက္စာမ်က္ႏွာ ပ်ံ႕ႏွံ႔ေနျခင္းျဖစ္သည္။
“ဆရာ့ေဇာ္ကိစၥက ဖြသတင္းပါ။ ကြၽန္ေတာ္ကြန္ဖမ္းလွမ္းလုပ္ၿပီးၿပီ။ ပုံမွန္အေနအထားအတိုင္းပဲ။ ခုေဆး႐ုံကေန ဆင္းၿပီးေတာ့ ငွားထားတဲ့တိုက္ခန္းမွာ ျပန္ေရာက္ေနၿပီ” ဟု ဦးတင္ထြဋ္ဦးက ေျပာသည္။
ေဒါက္တာေဇာ္ျမင့္ေမာင္သည္ ဇန္နဝါရီလ ၂ ရက္ေန႔က မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးတြင္ အေရးေပၚကုသမႈခံ ယူၿပီး ဇန္နဝါရီလ ၅ ရက္ေန႔က ထိုင္းႏိုင္ငံသို႔ သြားေရာက္ကုသမႈခံယူလွ်က္ရွိသည္။
Photo – မန္းတိုင္းအစိုးရ
(Unicode)
ဒေါတ်တာဇော်မြင့်မောင် သေဆုံးသည်ဆိုသော သတင်းများထွက်ပေါ်မှု သည် မှန်ကန်မှုမရှိဟု မန်း NLD ဥက္ကဌပြောဆို
……………………………………………………
ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှု ခံယူနေသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နှလုံးခုန်ရပ်သွားပြီဟု လူမှုကွန်ယက်တွင် ပျံ့နှံ့နေသောသတင်းသည် မဟုတ်မှန်ကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ဇန်နဝါရီလ ၈ ရက်နေ့၌ ပြောသည်။
ယနေ့ နံနက်ပိုင်းက စတင်ပြီး လူမှုကွန်ယက်စာမျက်နှာ ပျံ့နှံ့နေခြင်းဖြစ်သည်။
“ဆရာ့ဇော်ကိစ္စက ဖွသတင်းပါ။ ကျွန်တော်ကွန်ဖမ်းလှမ်းလုပ်ပြီးပြီ။ ပုံမှန်အနေအထားအတိုင်းပဲ။ ခုဆေးရုံကနေ ဆင်းပြီးတော့ ငှားထားတဲ့တိုက်ခန်းမှာ ပြန်ရောက်နေပြီ” ဟု ဦးတင်ထွဋ်ဦးက ပြောသည်။
ဒေါက်တာဇော်မြင့်မောင်သည် ဇန်နဝါရီလ ၂ ရက်နေ့က မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ကုသမှုခံ ယူပြီး ဇန်နဝါရီလ ၅ ရက်နေ့က ထိုင်းနိုင်ငံသို့ သွားရောက်ကုသမှုခံယူလျှက်ရှိသည်။
Photo – မန်းတိုင်းအစိုးရ
#PeopleMedia