ဒေါပုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးလာဖွင့်စဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

PUBLISHED - December 31, 2021
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ (People Media)
ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ရုံးလာဖွင့်စဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးသွားသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃၁ ရက်၊ နံနက် ၈ နာရီဝန်းကျင်ခန့်က ဒေါပုံမြို့နယ်၊ ဘုရင့်နောင်လမ်း၊ ဆေးစက်ရပ် ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံး လာဖွင့်သည့် အုပ်ချုပ်ရေးမှူးဖြစ်သူကို ဘက်ထရီစက်ဘီးစီးလာသော လူငယ် နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်သည်။
“မနက်က ဖြစ်တာပါ၊ အုပ်ချုပ်ရေးမှူးကတော့ ဆေးရုံကားနဲ့ လာတင်သွားတာတော့တွေ့ပါတယ်။ မြင်လိုက်ရတဲ့ သူတွေပြောတာကတော့ ဘက်ထရီစက်ဘီးစီးလာတဲ့ လူငယ်နှစ်ယောက် သူနားမှာ ရပ်ပြီးတော့ ပစ်သွားတာ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
ဒီဇင်ဘာ နောက်ဆုံးရက်များ၌ ရန်ကုန်၊ မန္တလေးမြို့ကြီးများ၌ ဗုံးခွဲခံရခြင်း၊ အုပ်ချုပ်ရေးမှူးများ လုပ်ကြံခံရခြင်း များ ပြန်လည်ခပ်စိပ်စိပ်ဖြစ်ပေါ်လျက်ရှိသည်။
Photo – ပုံဟောင်းအသုံးပြုထားသည်။
#PeopleMedia #ဒေါပုံ # အုပ်ချုပ်ရေးမှူး
(unicode)
………………………………………………………