ဒေါ်နယ်ထရမ့်အား အိမ်ဖြူတော်မှဖယ်ရှားရန် ဒီမိုကရက်အမတ်များ တောင်းဆိုမည်

PUBLISHED - January 11, 2021
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
အမေရိကန်ကွန်ဂရက်မှ ဒီမိုကရက်အမတ်များသည် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က သမ္မတ ဒေါ်နယ် ထရမ့်ကို အိမ်ဖြူတော်မှဖယ်ရှားရန် တိုက်တွန်းမည့်လုပ်ထုံးလုပ်နည်းများ စတင်တော့မည်ဟု အောက်လွှတ် တော် ဥက္ကဋ္ဌ နန်စီပီလိုစီက ပြောသည်။
ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများက အောက်လွှတ်တော်အဆောက်အအုံကို သိမ်းပိုက်ပြီးနောက် ပီလိုစီ က ဒီမိုကရက်တစ်အမတ်များသို့ ပေးပို့သည့် စာတစ်စောင်အတွင်း အဆိုပါစီမံချက် ဖော်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါဆုံးဖြတ်ချက်ပြုလုပ်ရန် ဒီမိုရက်တစ်ခေါင်းဆောင်များက အများဆန္ဒ တောင်းခံမည်ဟု စာအတွင်း ပီလိုစီက ပြောသည်။
ထရန့်အနေဖြင့် အိမ်ဖြူတော်မှ တာဝန်ထမ်းဆောင်ခွင့်မရှိတော့ဟု ဒုတိယသမ္မတ မိုက်ပန့်စ်က ကြေညာ ရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခွင့်ကို မှီငြမ်းရန် ဆုံးဖြတ်ချက်က ပန်ကြားထားသည်။
ဒေါ်နယ်ထရမ့်ကို တရားစွဲဆိုမည့် ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းမှုဆက်လက်လုပ်ဆောင်ရန် အသင့်ဖြစ် နေပြီဟု ပီလိုစီက ပြောသည်။
ဒုတိယသမ္မတ မိုက်ပန့်စ်က ဒေါ်နယ်ထရမ့်အား ရာထူးမှဖယ်ရှားမည့် တောင်းဆိုမှုများကို တုံ့ပြန်မည့် ရည်ရွယ်ချက် မရှိကြောင်း မီဒီယာများက ဖော်ပြနေကြသည်။
ကိုးကား – အင်န်အိတ်ချ်ကေ
Ref; Democrats to demand Trump’s removal from office
#PeopleMedia #International
(unicode)
…………………………………………………
Ref; Democrats to demand Trump’s removal from office
#PeopleMedia #International