ေဒၚနယ္ထရမ့္ႏွင့္ ယွဥ္ၿပိဳင္မည့္ ဂ်ိဳးဘိုင္ဒန္အတြက္ ပါတီတြင္းၿပိဳင္ဘက္ေဟာင္း၊ မီဒီယာသူေဌး မိုက္ကယ္ ဘလြန္းဘာ့ဂ်္က ေဒၚလာသန္း ၁၀၀ ေထာက္ပံ့မည္

PUBLISHED - September 15, 2020
နယူးေယာက္၊ စက္တင္ဘာ ၁၄
၂၀၂၀ အေမရိကန္သမၼတေလာင္းအျဖစ္ ဒီမိုကရတ္ပါတီမွေ႐ြးခ်ယ္ခံရေရး ေဒၚလာသန္း ၁၀၀၀ သံုးစြဲခဲ့သည့္ကုေဋႂကြယ္သူေဌး မိုက္ကယ္ ဘလြန္းဘာ့ဂ်္က အေရးႀကီးေသာ ဘက္ေျပာင္းမဲေပးသူမ်ား႐ွိသည့္ဖေလာ္ရီဒါျပည္နယ္တြင္ ရီပတ္ဘလစ္ကန္သမၼတ ေဒၚနယ္ ထရမ့္ကို ဒီမိုကရတ္ပါတီသမၼတေလာင္း ဂ်ိဳး ဘိုင္ဒန္အႏိုင္ရေရးအတြက္ အနည္းဆံုးေဒၚလာသန္း ၁၀၀ ေထာက္ပံ့ရန္စီစဥ္ေနသည္။
ေ႐ြးေကာက္ပြဲက်င္းပရန္ ၅၁ ရက္သာလိုၿပီး အာဏာရသမၼတအတြက္ ဘ႑ာေရးအားသာခ်က္မ႐ွိဘဲ ဆႏၵေကာက္ခံမႈမ်ားတြင္ ကြာျခားခ်က္မမ်ားေၾကာင္းျပသေနခ်ိန္တြင္ ကုေဋႂကြယ္သူေဌး မစၥတာ ဘလြန္းဘာ့ဂ်္က ဆံုးျဖတ္ခဲ့ျခင္းျဖစ္သည္။
ရီပတ္ဘလစ္ကန္မဲဆြယ္စည္း႐ံုးေရးက လြတ္လပ္စြာသံုးစြဲခဲ့ၿပီး ပါတီ၏ဆံုးျဖတ္ႏိုင္ေသာကနဦးလုပ္ငန္းစဥ္မ်ားၿပီးဆံုးၿပီးေနာက္ ေထာက္ပံ့ေငြျမင့္တက္ၿပီးေနာက္ ထရမ့္၏အစပိုင္းဘ႑ာေရးအသာရမႈၿပီးဆံုးခဲ့သည္။
ဘလြန္းဘာ့ဂ်္၏ေထာက္ပ့ံမႈမတိုင္ခင္ ဖေလာ္ရီဒါသည္ မဲဆြယ္ရာတြင္အကုန္အက်အမ်ားဆံုးျပည္နယ္ျဖစ္မည္ဟု ထရမ့္ေရာ၊ ဘိုင္ဒန္ေရာက ခန္႔မွန္းထားသည္။
ေ႐ြးေကာက္ပြဲေန႔တြင္ အႏိုင္ရရန္လိုအပ္သည့္ ေ႐ြးေကာက္ပြဲအဖြဲ႔၀င္မဲ ၂၇၀ အနက္ ထိုျပည္နယ္မွ ၂၉ မဲရ႐ွိမည္ျဖစ္သည္။
ျပည္နယ္တြင္ စက္တင္ဘာ ၂၄ ရက္၌ စာတိုက္မွမဲေပးျခင္းစတင္ၿပီး အဂၤါေန႔တြင္ ျပည္နယ္သို႔လူကိုယ္တိုင္သြားေရာက္ရန္ ဘိုင္ဒန္က စီစဥ္ထားသည္။ ၂၀၁၆ သမၼတေ႐ြးေကာက္ပြဲတြင္ ထရမ့္က ထိုျပည္နယ္၌ မဲ ၁၁၃၀၀၀ ရထားၿပီး ၁.၂ ရာခိုင္ႏႈန္းပြိဳင့္ျဖစ္သည္။
Ref: Michael Bloomberg to spend US$100m in Florida to help Joe Biden’s presidential campaign
(unicode)
ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင်မည့် ဂျိုးဘိုင်ဒန်အတွက် ပါတီတွင်းပြိုင်ဘက်ဟောင်း၊ မီဒီယာသူဌေး မိုက်ကယ် ဘလွန်းဘာ့ဂ်ျက ဒေါ်လာသန်း ၁၀၀ ထောက်ပံ့မည်
……………………………………………………
နယူးယောက်၊ စက်တင်ဘာ ၁၄
၂၀၂၀ အမေရိကန်သမ္မတလောင်းအဖြစ် ဒီမိုကရတ်ပါတီမှရွေးချယ်ခံရရေး ဒေါ်လာသန်း ၁၀၀၀ သုံးစွဲခဲ့သည့်ကုဋေကြွယ်သူဌေး မိုက်ကယ် ဘလွန်းဘာ့ဂ်ျက အရေးကြီးသော ဘက်ပြောင်းမဲပေးသူများရှိသည့်ဖလော်ရီဒါပြည်နယ်တွင် ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ် ထရမ့်ကို ဒီမိုကရတ်ပါတီသမ္မတလောင်း ဂျိုး ဘိုင်ဒန်အနိုင်ရရေးအတွက် အနည်းဆုံးဒေါ်လာသန်း ၁၀၀ ထောက်ပံ့ရန်စီစဉ်နေသည်။
ရွေးကောက်ပွဲကျင်းပရန် ၅၁ ရက်သာလိုပြီး အာဏာရသမ္မတအတွက် ဘဏ္ဍာရေးအားသာချက်မရှိဘဲ ဆန္ဒကောက်ခံမှုများတွင် ကွာခြားချက်မများကြောင်းပြသနေချိန်တွင် ကုဋေကြွယ်သူဌေး မစ္စတာ ဘလွန်းဘာ့ဂ်ျက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ရီပတ်ဘလစ်ကန်မဲဆွယ်စည်းရုံးရေးက လွတ်လပ်စွာသုံးစွဲခဲ့ပြီး ပါတီ၏ဆုံးဖြတ်နိုင်သောကနဦးလုပ်ငန်းစဉ်များပြီးဆုံးပြီးနောက် ထောက်ပံ့ငွေမြင့်တက်ပြီးနောက် ထရမ့်၏အစပိုင်းဘဏ္ဍာရေးအသာရမှုပြီးဆုံးခဲ့သည်။
ဘလွန်းဘာ့ဂ်ျ၏ထောက်ပံ့မှုမတိုင်ခင် ဖလော်ရီဒါသည် မဲဆွယ်ရာတွင်အကုန်အကျအများဆုံးပြည်နယ်ဖြစ်မည်ဟု ထရမ့်ရော၊ ဘိုင်ဒန်ရောက ခန့်မှန်းထားသည်။
ရွေးကောက်ပွဲနေ့တွင် အနိုင်ရရန်လိုအပ်သည့် ရွေးကောက်ပွဲအဖွဲ့ဝင်မဲ ၂၇၀ အနက် ထိုပြည်နယ်မှ ၂၉ မဲရရှိမည်ဖြစ်သည်။
ပြည်နယ်တွင် စက်တင်ဘာ ၂၄ ရက်၌ စာတိုက်မှမဲပေးခြင်းစတင်ပြီး အင်္ဂါနေ့တွင် ပြည်နယ်သို့လူကိုယ်တိုင်သွားရောက်ရန် ဘိုင်ဒန်က စီစဉ်ထားသည်။ ၂၀၁၆ သမ္မတရွေးကောက်ပွဲတွင် ထရမ့်က ထိုပြည်နယ်၌ မဲ ၁၁၃၀၀၀ ရထားပြီး ၁.၂ ရာခိုင်နှုန်းပွိုင့်ဖြစ်သည်။
Ref: Michael Bloomberg to spend US$100m in Florida to help Joe Biden’s presidential campaign