ေဒၚေအာင္ဆန္းစုၾကည္သြားေရာက္သည့္ ရခိုင္ျပည္နယ္ မာန္ေအာင္ၿမိဳ႕ ၌ မုိုင္း ၃ လံုး ဆက္တိုက္ေပါက္ကြဲ

PUBLISHED - December 19, 2019
ရန္ကုန္၊ ဒီဇင္ဘာ – ၁၉
နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္သြားသည့္ ရခိုင္ျပည္နယ္၊ မာန္ေအာင္ၿမိဳ႕၌ မိုင္း ၃ လံုး ဆက္တိုက္ေပါက္ကြဲမႈ ယေန႔ နံနက္ပိုင္းက ျဖစ္ပြားခဲ့သည္။
မိုင္းေပါက္ကြဲရာေနရာမွာ မာန္ေအာင္ၿမိဳ႕နွင့္ မာန္ေအာင္ဟိုတယ္သို႔သြားရာ လမ္းနံေဘးမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ ျခင္းလည္းျဖစ္သည္။
မာန္ေအာင္ဟိုတယ္သို႔ မာန္ေအာင္ၿမိဳ႕ထဲမွာ သြားေရာက္ရန္ အဆိုပါလမ္းတစ္လမ္းထဲသာရွိၿပီး မာန္ေအာင္ဟို တယ္မွာ ေဒၚေအာင္ဆန္းစုၾကည္ကို ႀကိဳဆိုရန္အတြက္ ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္နွင့္ အျခား၀န္ႀကီးခ်ဳပ္မ်ား လည္းေရာက္ရွိေနေၾကာင္းသိရသည္။
မိုင္းမ်ားဆက္တိုက္ေပါက္ကြဲသည့္ေနရာမွာ ဟိုတယ္နဲ႔ ၂ ဖါလံုခန္႔သာ ေ၀းကြာၿပီး အဆိုပါေနရာကို လံုၿခံဳေရး မ်ားသြားေရာက္စစ္ေဆးခဲ့ၿပီး မိုင္းမ်ားေပါက္ကြဲခ်ိန္တြင္ သံတြဲၿမိဳ႕နယ္မွမာေအာင္ၿမိဳ႕သို႔ သြားေရာက္မည့္ ေဒၚေအာင္ဆန္းစုၾကည္မွာမေရာက္ရွိေသးေၾကာင္း မာေအာင္ေလဆိပ္တြင္ ရဲအင္အား (၅၀) ခန္႔ခ်ထား ေၾကာင္းသိရသည္။
ႏုိင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္သည္ မာန္ေအာင္ၿမိဳ႕တြင္ ယေန႔ဖြင့္လွစ္မည့္ ဆိုလာဓာတ္အား ေပးစက္ရံုဖြင့္ပြဲတက္ေရာက္ရန္နွင့္ လူထုေတြ႕ဆံုပြဲျပဳလုပ္ရန္လည္း စီစဥ္ထားကာ သြားေရာက္ျခင္းလည္း ျဖစ္သည္။
(Unicode)
ဒေါ်အောင်ဆန်းစုကြည်သွားရောက်သည့် ရခိုင်ပြည်နယ် မာန်အောင်မြို့ ၌ မိုင်း ၃ လုံး ဆက်တိုက်ပေါက်ကွဲ
…………………………………………………………
ရန်ကုန်၊ ဒီဇင်ဘာ – ၁၉
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သွားသည့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ မိုင်း ၃ လုံး ဆက်တိုက်ပေါက်ကွဲမှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
မိုင်းပေါက်ကွဲရာနေရာမှာ မာန်အောင်မြို့နှင့် မာန်အောင်ဟိုတယ်သို့သွားရာ လမ်းနံဘေးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ ခြင်းလည်းဖြစ်သည်။
မာန်အောင်ဟိုတယ်သို့ မာန်အောင်မြို့ထဲမှာ သွားရောက်ရန် အဆိုပါလမ်းတစ်လမ်းထဲသာရှိပြီး မာန်အောင်ဟို တယ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန်အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အခြားဝန်ကြီးချုပ်များ လည်းရောက်ရှိနေကြောင်းသိရသည်။
မိုင်းများဆက်တိုက်ပေါက်ကွဲသည့်နေရာမှာ ဟိုတယ်နဲ့ ၂ ဖါလုံခန့်သာ ဝေးကွာပြီး အဆိုပါနေရာကို လုံခြုံရေး များသွားရောက်စစ်ဆေးခဲ့ပြီး မိုင်းများပေါက်ကွဲချိန်တွင် သံတွဲမြို့နယ်မှမာအောင်မြို့သို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်မှာမရောက်ရှိသေးကြောင်း မာအောင်လေဆိပ်တွင် ရဲအင်အား (၅၀) ခန့်ချထား ကြောင်းသိရသည်။
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်သည် မာန်အောင်မြို့တွင် ယနေ့ဖွင့်လှစ်မည့် ဆိုလာဓာတ်အား ပေးစက်ရုံဖွင့်ပွဲတက်ရောက်ရန်နှင့် လူထုတွေ့ဆုံပွဲပြုလုပ်ရန်လည်း စီစဉ်ထားကာ သွားရောက်ခြင်းလည်း ဖြစ်သည်။
#PeopleMedia #Political