ဒေါ်အောင်ဆန်းစုကြည်အားပေးထားသောဆု ပြန်ရုတ်သိမ်းရန် ဆုံးဖြတ်ချက် City of London ပြင်ဆင်
PUBLISHED - September 13, 2019
ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုကို ဂုဏ်ပြုချီးမြှင့်ထားတဲ့ ဆုကို ပြန်လည်ရုပ်သိမ်းမယ့် ကနဦးဆုံးဖြတ်ချက်ကို လန်ဒန်အခြေစိုက် ဒေသခံအစိုးရအာဏာပိုင်အဖွဲ့ The City of London Corporation က ပြင်ဆင်လိုက်ပါတယ်။
၎င်းအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေက အခုနှစ်အစောပိုင်းမှာ ပေးအပ်ထားတဲ့ အမြင့်ဆုံးဂုဏ်ပြုဆုကို ပြန်ရုတ်သိမ်းဖို့ ထောက်ခံမဲပေးခဲ့ကြပေမယ့် The City of London Corporation က ဆုကို ရုတ်သိမ်းတာထက် ရပ်ဆိုင်းတာလုပ်သင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့် ကနဦး ဆုကို ပြန်ရုတ်သိမ်းဖို့ ပေးပို့ခဲ့တဲ့ စာကို ဒေါ်အောင်ဆန်းစုကြည်က အကြောင်းပြန် ခြင်းမရှိတာကြောင့် အသိပေးစာရရှိခဲ့ခြင်းရှိမရှိ မသေချားဘူးလို့လည်းပြောပါတယ်။
အခုလို ဆုကို ပြန်ရုတ်သိမ်းတာထက် ရပ်ဆိုင်းတဲ့ ဆုံးဖြတ်ချက်ကို အဖွဲ့အ၀င်တချို့က မကျေမနပ်ဖြစ်ပြီး ယခုဆုံးဖြတ်ချက်အတွက် စက်တင်ဘာ ၁၂ ရက်နေ့မှာ ထပ်မံ မဲခွဲဆုံးဖြတ်ခဲ့ရာ မှာလည်း ဆုကို ရပ်ဆိုင်းမယ့် ဆုံးဖြတ်ချက်ကို ထောက်ခံသူ အနည်းငယ်သာရှိခဲ့တယ်လို့ သိရပါတယ်။ The City of London Corporation က အခုဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးသွားမယ်လို့လည်းပြောပါတယ်။
The City of London Corporation ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုဆုကို ၂၀၁၇ ခုနှစ် မေလမှာ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
Ref; cityam.com